အပိုင်း ၃၀

724 71 16
                                    


Dinner Partyမို့ အားလုံးဟာလွတ်လွတ်လပ်လပ်။မီးရောင်စုံတွေကြား သဲပြင်ပါအရောင်ပြောင်းနေလေသည်။လေညှင်းတစ်ချို့၏ခေါ်ဆောင်မှုကြောင့် ပင်လယ်ရနံ့ကကုန်းမြေဆီကျူးကျော်လာသည်။ပြည့်ဝိုင်းနေတဲ့လမင်းကြီးက ကြယ်ပွင့်များစွာခြံရံပြီးညီလာခံတက်လာတဲ့ဘုရင်တစ်ပါးလိုဝံ့ဝံ့ကြွားကြွား။

ဂီတသံတွေကြား အားလုံးဟာဝိုင်ခွက်ကိုယ်စီနှင့်။ရယ်မောသံတွေအသက်သွင်းထားတဲ့ သူ့ရဲ့လူပျိုနောက်ဆုံးည။သူကတော့ မြန်မြန်အိုချင်နေပါပြီ။

ညအ​မှောင်မှာအနက်ရောင်ဝတ်စုံက သူ့အရှိန်အဝါကိုမမှေးမှိန်စေနိုင်။မျက်ဝန်းပြာတွေစူးရှနေတာကြောင့်ဖြစ်နိုင်သလို ဟန်လုပ်မထားတဲ့ရှားပါးအပြုံးတွေကြောင့်လည်းဖြစ်နိုင်သည့် သူ့မျက်နှာကခန့်ညားစွာ။

"လူပျိုကြီးရဲ့ သတို့သားလေးရော"

အနားရောက်လာကာ မေးလာသူကအငြိမ်းစားဝန်ကြီးတစ်ဦး။မိဘချင်းရင်းနှီးသလို သူနှင့်လည်းလက်တွဲလုပ်ဖူးသည်မို့ အတော်လေးရင်းနှီးလေသည်။

"မနက်ကပင်ပန်းထားလို့ နေ့လည်တစ်ရေးအိပ်ခိုင်းထားတာ ညနေမှနိုးတာဆိုတော့ရေမိုးချိုးတာနဲ့စားတာသောက်တာနဲ့မို့ထွက်မလာသေးတာ"

"သဘောကျတော့လည်းဇွတ်ကွာ သတင်းမကြားဘာမကြား တန်းမဂ်လာဆောင်ပစ်တာပဲ"

"ဒီလိုပါပဲဗျာ"

လိပ်ပြာမလုံစွာခေါင်းငုံ့ပြုံးမိသည်။အခြားလူတွေသိဖို့မပြောနဲ့ ကိုယ်တိုင်တောင်မသိခဲ့။သိသွားတော့လည်းအနက်ရှိုင်းဆုံးအဆင့်မှာမို့ တန်းအပိုင်သိမ်းမိတော့တာ။အချစ်ဆိုတာကတံခါးမခေါက်ဘဲခိုးဝင်လာတတ်ပြီး သိသွားချိန်အရာအားလုံးကိုသိမ်းယူပြီးသွားခဲ့ပြီ။ဒါကြောင့်မို့နှလုံးသားဆန္ဒကိုလိုက်နာရုံမှလွဲအခြားမရှိ။

"အဲ့တာဆိုကျွန်တော်သွားခေါ်လိုက်အုံးမယ် လူစုံနေပြီထင်တယ်"

"ဟုတ်ပြီ သွား သွား"

ဗီလာဘက်ခြေလှမ်းနေရင်း ထွက်လာတဲ့အရိပ်ကလေးကိုတွေ့သည်။ဝိုင်နီရောင်ဝတ်စုံလေးနဲ့လည်း လိုက်ဖက်နေပြန်ရော။

OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ် OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ်Where stories live. Discover now