chapter 131

361 88 1
                                    

Chapter 131
Sue Xing NwayAugust 15, 2023
🐰Chapter 131🐉





" ဘာလို့လဲဆိုတော့ သူ့နှလုံးသားထဲမှာ လိုလားတောင့်တစိတ်တွေ မရှိလို့ပဲ..."

ခွန်းဖမ်၏စိတ်ထဲတွင် ကုန်းဖု၏အသံက ပဲ့တင်ထပ်လာသည်။ ခွန်းဖမ် ဘေးကိုကြည့်လိုက်သည့်အခါ ကုန်းဖုက သူ့ဘေးနားရောက်နေသည်ကို တွေ့လိုက်ရသည်။

" တခြားလူတွေရဲ့ အိမ်မက်ထဲမှာ တောင့်တခဲ့ရတဲ့ အရာအားလုံးကို သူက ပိုင်ဆိုင်ထားပြီးပြီလေ..."

ကုန်းဖုက အနည်းငယ်စိတ်ရှုပ်ထွေးနေသည့် အမူအရာဖြင့်  ဖူလီ၏အခန်းတံခါးတွင် ပေါ်လာသည်။

" မရေမတွက်နိုင်တဲ့ ရတနာတွေကို ပိုင်ဆိုင်ထားတဲ့ ယောင်ကျင့်ကြံသူတွေက တင်းတိမ်ရောင့်ရဲနိုင်ပြီးတော့ အသန်မာဆုံးနှလုံးသားရှိတတ်ကြတယ်..."

ခွန်းဖမ်က မျက်ခုံးများ တွန့်ချိုးလိုက်သည်။

" ငါတို့က ဒီလောက်နီးနေတာကို မင်းဘာလို့ အသံကူးပြောင်းစွမ်းရည် သုံးနေတာလဲ... ပြီးတော့ ဖူလီ့ကို ပြုစုပျိုးထောင်ပေးခဲ့ကြတဲ့ ယောင်ကျင့်ကြံသူတွေက ဘယ်လိုစွမ်းရည်မျိုးတွေ ရှိနေလို့လဲ... သူတို့အားလုံးက သူ့ကို အဖိုးတန်ပစ္စည်းတွေ ဘယ်လောက်အများကြီး ပေးထားလွန်းလို့ သူက နှလုံးသားကိုးပါးအတိဒုက္ခထဲမှာ ပေါ်လာတဲ့ ပစ္စည်းတွေကိုပါ အထင်သေးနေရတာလဲ..."

ဖူလီ၏ အကြီးအကဲဟု ပြောခဲ့သောငှက်နီက ထောင်ဝူကို အလွယ်တကူဖမ်းချုပ်ထားနိုင်ခဲ့၍ ခွန်းဖမ်၏ရင်ထဲတွင် တလှပ်လှပ်ဖြစ်ခဲ့ရသည်။

ကံကောင်းသည်မှာ သူ ပင်လယ်ကြမ်းပြင်တွင် ချိတ်ပိတ်ခံထားရာမှ ပထမဆုံးထွက်လာချိန်တွင် ဖူလီ့ကို ဒဏ်ရာအကြီးအကျယ်ရအောင် မလုပ်ခဲ့သောကြောင့်ဖြစ်သည်။ ထိုသို့မဟုတ်ပဲ သူတို့ကလေးကို ရိုက်မိသောကြောင့်  ဖူလီ၏ အကြီးအကဲတစ်ယောက်က ထွက်လာခဲ့လျှင် သူ့ခန္ဓာကိုယ်တစ်ဝက်က အသားကင်ဖြစ်ပြီး အခြားတစ်ဝက်က စွပ်ပြုတ်ဖြစ်သွားနိုင်သည်။

ကုန်းဖုက သူ့မေးခွန်းကို ပြန်မဖြေပေ။

" အဲတော့ ကောင်းကင်ဘုံရဲ့အချစ်တော်လေးက ကျွမ်းချင်မဟုတ်ဘဲ ဖူလီပေါ့လေ... တစ်ယောက်က ကောင်းကင်ဘုံရဲ့ ချစ်ခင်အလိုလိုက်ခံရပြီး ကြီးပြင်းလာတယ် နောက်တစ်ယောက်က အခက်အခဲတွေကို ရင်ဆိုင်ပြီးတဲ့နောက်မှာ တိုင်းပြည်ကံကြမ္မာရဲ့ အသိအမှတ်ပြုမှုကို ရထားတယ်... ဖူလီက ပိုကောင်းတဲ့ဘဝရထားတယ်ဆိုတာ ရှင်းနေတာပဲ..."

မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်းWhere stories live. Discover now