အပိုင်း ၂၉

693 67 3
                                    


ပင်လယ်လှိုင်းပြာပြာတွေရဲ့ကျောက်ဆောင်တွေကိုရိုက်ခတ်သံကြောင့် ပတ်ဝန်းကျင်ကအသက်ဝင်စွာ။ကမ်းစပ်တစ်လျှောက် အုန်းပင်တန်းတွေက ကျွန်းကိုပိုပြီးအသက်ဝင်စေသည်။

ကိုယ်ပိုင်လေယာဥ်ကွင်းနှင့်မို့ အပို့အကြိုအခက်ခဲမရှိ။သိပ်မနည်းလှတဲ့လူစုက အယောက်၅၀၀နီးပါး။တော်သေးသည် လူနည်းစုသာဖိတ်ထားသည်ဆို၍။

Heat ကာလဖြတ်သန်းထား၍ ပင်ပန်းနေမည့်ငယ်ငယ်ကြောင့် ကြီးကြီးကျယ်ကျယ်မလုပ်ဖြစ်ဟုတော့ပြောသည်။သို့သော် သိပ်တော့မျှော်လင့်မထား။

လူနည်းစုသာဖိတ်ထားသည်ဆိုကာ လူ၅၀၀နီးပါးဖြစ်သွားတာကိုသာကြည့်။လုံးချင်းဘန်ဂလိုတွေကအစီအရီမို့ နေစရာစိတ်ပူနေစရာမလို။ပိုင်ဆိုင်မှုကကြီးမားလွန်း၍ ပြောစရာစကားပင်ပျောက်သည်။

"ဒါကကိုယ့်ပိုင်ဆိုင်မှုထဲကအနည်းငယ်သောပမာဏလေးတင်ပါ ဒီလိုကျွန်းတွေဆယ်ခုမကရှိသေးတယ် ပြည်တွင်းရောပြည်ပရောမို့ ဟန်းနီးမွန်းအတွက် စိတ်ပူနေစရာမလိုဘူး သဘောကျတဲ့နေရာကိုသာပြော"

တရားမဝင်အလုပ်တွေရှိမှန်းသိနေတာမို့ သူ့အပြောကိုသံသယမဝင်မိ။မပူမပင်နေရရင်တော်ပြီပေါ့။ဘာကြောင့်များယခုလို စည်းစိမ်တွေအာဏာတွေမက်နေကြသလဲသူမတွေးတတ်။

"............"

"ဒါမှမဟုတ် ကိုယ့်ပိုင်ဆိုင်မှုထဲကမဟုတ်လည်း သဘောကျတဲ့နေရာရှိရင်ပြောလိုက်
ကိုယ်ဝယ်ပေးမယ်"

"မရှိ... မရှိပါဘူး"

"ရှိလာရင်ပြောရမယ်နော် ငယ့်အိမ်ထောင်ဦးစီးက ငယ်လိုချင်ရင်တစ်နိုင်ငံလုံးကိုတောင်ဝယ်ပေးနိုင်တဲ့အထိ ပါဝါရှိပါတယ်"

နောက်ကျောဘက်မှခါးကိုသိမ်းဖက်ထားပြီး လည်ပင်းကိုဖွဖွနမ်းကာပြောလာသည့်စကားက မုသားမဟုတ်တာသူသိပါသည်။

ညကစောစောအိပ်ထားတာမို့ အိပ်ရေးဝနေတာကြောင့် မနက်စောနိုးနေလေသည်။သူအိပ်ယာကထတာနှင့်လိုက်ထသူက သူရင်ခွင်ထဲမရှိလျှင်မအိပ်တတ်လို့ပါတဲ့။အပိုပြောနေတာဟုဆိုချင်ပေမယ့် တစ်ရေးနိုးရေထသောက်ရင်တောင်နိုးလာတတ်တာမို့ လက်ခံပေးထားရသည်။

OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ် OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ်Where stories live. Discover now