ယွီကျစ်ယွီကလည်း ယဉ်ကျေးမနေတော့ဘူး။
"ကောင်းပြီ၊ ကျွန်တော့်ကို ကြက်တောင်ပံ၊ ကြက်ပေါင်၊ အမဲနံရိုးနဲ့ သိုးသားတုံးလေးတွေ ပေးပါ... လောင်ကုန်း ခင်ဗျားရော ဘာစားချင်လဲ"

ဖူဟန်က ခေါင်းခါလိုက်ပြီး "ငါ ဗိုက်မဆာဘူး"

ယွီကျစ်ယွီက တံစို့နှစ်ခုကိုယူပြီး သူ့ဘေးတွင်ထိုင်လိုက်တယ်။
"ဒါဆို ကျွန်တော်အရင်စားလိုက်မယ်၊ ခင်ဗျား ဘာစားချင်လဲ ကျွန်တော့်ကိုပြောနော်၊ ကျွန်တော် ခင်ဗျားအတွက်ကင်ပေးမယ်၊ ကျွန်တော် ခေါက်ဆွဲချက်တာမတော်ပေမယ့် အသားကင်တဲ့စွမ်းရည်ကတော့အရမ်းကောင်းတာနော်၊ မနေ့ကဆို ကျွန်တော်အသားကင်ပြီး အားလုံးရဲ့ချီမွှမ်းမှုကိုအနိုင်ရထားတာ၊ မြောင်ဟန်နဲ့အာ့ယွီဆို အပြေးအလွှားစားဖို့ရောက်လာပြီးတော့ သူတို့ရန်ဖြစ်လုနီးပါးပဲ....."

ဖူဟန် သိပ်မပျော်တော့ဘူး။

လေအိုးလေးပြောတာက မနေ့က သူ တခြားသူတွေကို အသားကင်ပေးရတာကြောင့် လုံလုံလောက်လောက်မစားခဲ့ရဘူးဟု။ ​နောက်ပြီး အဲ့ဒီ လူနှစ်ယောက်ကရော ဘယ်သူတွေလဲ?

ဖူဟန် ထိုအကြောင်းကို ပိုတွေးလေလေ ပိုမပျော်လေလေပင်။ထို့ကြောင့် သူ စိတ်ပြောင်းသွားကာ  "အမဲသားကင်"

"အင်း?"

"ငါ့အတွက် အမဲသားကင်ပေး"

"အိုး!"

ယွီကျစ်ယွီက သူ့လက်ထဲက အကင်ချောင်းတွေကို နှစ်လုတ်သုံးလုတ်နဲ့ ရှင်းထုတ်လိုက်ပြီး ပါးစပ်နဲ့ လက်တွေကို သုတ်လိုက်ကာ သူ့အလုပ်ကိုလုပ်ဖို့ပြင်လိုက်တယ်။
"အခု သွားလိုက်မယ်"

ဖူဟန်က "အေပရွန် ဝတ်လိုက်ဦး" ဟု တိုက်တွန်းလိုက်တယ်။

"ကျွန်တော် သိတယ်!"
ယွီကျစ်ယွီက ဝမ်းသာအားရ သဘောတူလိုက်သည်။

အသားကင်ဆရာက နူးညံ့ပြီးချိုမြပုံရသော ယုန်ကာတွန်းပုံပါသော ကြိုပြင်ထားတဲ့ ပန်းရောင် အေပရွန်တစ်ခုကိုယူပေးလာသည်။

ယွီကျစ်ယွီ အံ့အားသင့်သွားပြီး အေပရွန်ကိုကိုင်ကာ ခဏလောက်ကြည့်မိ၏။
"ဘာကြောင့် ဆရာ့ဟာနဲ့မတူရတာလဲ? ဆရာ့ဟာက တစ်ခုလုံးအနက်ရောင်ဖြစ်ပြီးတော့ ပုံစံဖော်ထားတောင်မပါဘူးလေ"

ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်Where stories live. Discover now