အပေါင်ဆုံးပြီီ အပိုင်း၂
"ကြီးတော်ခင်ပြန််တော့မှာလား။နောက်ကျပါလား။"
"ဟုတ််တယ်ကွယ့်။အလုပ်မပြတ်တာကြောင့်ပြီးအောင်လုပ်နေလိုက်တာ။"
"ကိုယ့်ကျန်းမာရေးကိုလည်းဂရုစိုက်ဦး။ကျွန်မလာအိပ်ကူရဦးမလား။"
"မလိုပါဘူးကွယ်အရင်ကလည်းအဲ့လိုနေနေကျဘဲကို။"
လမ်းဘေးတွင်ရပ်ကာစကားပြောနေသည့် ဒေါ်ယုယခင်၏မျက်နှာမှာ စိတ်ဖိစီးမှုကြောင့်် နွမ်းလျလို့နေသည်။မောင်ဖြစ်သူမှာ သူငယ်ချင်းဆီအလည်ဟုဆိုကာ မိန်းမခိုးပြေးသွားတာကြောင့် ကျန်သည့်ပြဿနာများကိုရှင်းနေရခြင်းဖြစ်သည်။ပြန်လာစေချင်သော်ငြား သူတို့လေးတွေရဲ့ချစ်ခြင်းကိုလည်းမခွဲချင်ပြန်။တစ်ယောက်ထဲနေနေသည်မှာ ငါးလခန့်ရှိချေပြီ။မောင်ဖြစ်သူပြန်လာနိုင်ရန် အလုပ်တွေဖိလုပ်နေသည်မှာ နွမ်းလျနေပြီ။
အိမ်ပြန်ရောက်သည်နှင့် မနက်ကတည်းက ချက်ထားသည့်ဟင်းများဖြင့်စားသော်ငြား စားမဝင်ပေ။အမြဲမောင်နှမနှစ်ယောက်ဘဲရှိတာကြောင့် အတူစားနေကျဆိုတော့ လွမ်းမိတာအမှန်။ထမင်းစားပြီးခြေလက်ဆေးလို့ ဘုရားရှိခိုးပြီးနောက် အိပ်ယာထဲတွင်လှဲနေချိန်ကြားလိုက်သော အိမ်ဝမှအသံကြောင့် သေချာနားစွင့်ကြည့်ရာ ဟုတ်တာကြောင့် ထမိန်ကိုအမြန််ပြင်ဝတ််ကာ တံခါးဖွင့်ကြည့်မိတော့ ခြံဝတွင်ရပ်ထားသော ခင်တခါမမြင်ဖူးသည့်အရာကြီးနှင့်အတူ။ရပ်နေသော ယောကျ်ားလေးတယောက်။မှောင်နေတာကြောင့် သေချာမမြင်ရပေ။
"မောင်ရင် ဘာကိစ္စရှိိိလို့လဲကွယ်။"
"ဟုတ်ကဲ့ ကြီးတော်ခင် ကျွန်တော်မင်းမင်းပါ။သူဌေးလေးကကိစ္စရှိလို့ပါတဲ့။"
သူဌေးလေးဆိုတဲ့အသံကြောင့် ခင့်ရင်ထဲထိတ်ခနဲပင်။ခင်သူ့ဆီကဘာမှမချေးဖူးပါဘူး။ခင်တွေးနေတုန်းမှာဘဲ ကားပေါ်မှဆင်းလာသောလူတစ်ယောက်။ကားမီးကိုဖွင့်ချလိုက်တာကြောင့် ဘေးအိမ်မှ မိညိုရြ့ဟောင်သံကိုကြားရသည်။ ကားပေါ်မှဆင်းလာသည့်လူဟာဆေးလိပ်တစ်လိပ်ကိုလက်ကြားညှပ်လို့ ခင့်ကိုပြုံး၍ကြည့်နေသည်မှာ သူပိုင်သည့်ပစ္စည်းတစ်ခုကိုကြည့်နေသလိုပင်။ကြက်သီးထဖံွယ်ရာ။ခင့်နားနားသို့တဖြည်းဖြည်းဖြင့်တိုးကပ်လာတာကြောင့် လန့်ကာခြေလှမ်းများကိုနောက်ဆုတ်လိုက်မိမှာ ခြံဆီးရိုးဖြင့်ခင့်ကျောမှြထိကပ်သွားသည်အထိပင်။ထိုအခါခင့်နားနားကပ်ကာပြောလာသည့် စကားကြောင့် ကြက်သီးများထသွားကာ မျက်နှာနုနုမှာလဲရြတက်လာလေသည်။
VOCÊ ESTÁ LENDO
အပေါင်ဆုံးပြီ !
Fanficthis is my owner story!!! this story is warning for kids! don't not read the kids 😞