(၂) ဒုတိယအကြိမ်ကူးပြောင်းခြင်း

142 36 10
                                    

unicode

ဒီပါ့ရဲ့စကားကို ကြားပြီးချိန်မှာတော့ သူတို့နှစ်ယောက် အတူတူ ကူးပြောင်းသွားခဲ့ကြောင်း ဇွဲပြည့် သိသွားခဲ့ရသည်။ ဇွဲပြည့်က ဇာတ်သမားအဖြစ် ကူးပြောင်းခဲ့စဉ် တချိန်တည်းမှာပဲ ဒီပါက ထိုဇာတ်အဖွဲ့ရဲ့ ကားကို မောင်းရသည့် ကားဆရာအဖြစ် ကူးပြောင်းသွားခဲ့ခြင်း ဖြစ်သည်။ ကားမမောင်းတတ်တဲ့ ဒီပါက သူရုတ်တရက် ကူးပြောင်းလာတဲ့ ဘဝထဲမှာ သူ့ချစ်သူကိုပါ တွေ့လိုက်ရတော့ ဝမ်းသာအားရနဲ့ များများမစဉ်းစားမိဘဲ သူ့ချစ်သူဆီ ဦးတည်သွားမိတာဖြစ်သည်။ သတိဝင်ချိန်မှာ ဘရိတ်နင်းဖို့ ကြိုးစားခဲ့ပေမယ့် လီဗာကို မှားနင်းမိသဖြင့် သူလုပ်မှ သူ့ချစ်သူ တစ်ခါတည်း ကြွသွားခြင်း ဖြစ်၏။

ထိုဘဝမှာ သူ့ချစ်သူ သေသွားတာနဲ့ သူလည်း အတူတူ မူလဘဝဆီကို ပြန်လည်ကူးပြောင်း ရောက်ရှိလာတာကတော့ အံ့ဩစရာပင်။

ရယ်ရခက် ငိုရခက် ထို အတွေ့အကြုံအကြောင်းကို စမြုံ့ပြန်နေစဉ်မှာပဲ သူတို့အတွဲ နောက်တစ်ကြိမ်ထပ်၍ ကူးပြောင်းသွားခဲ့ကြပြန်သည်။

ဒုတိယအကြိမ် ကူးပြောင်းခြင်းမှာတော့ ဇွဲပြည့်က ဒီပါလည်း သူနဲ့အတူ ကူးပြောင်းလာခဲ့ပြီလို့ ရိပ်မိလိုက်ပြီ ဖြစ်သည်။

ဒီတစ်ခါမှာလည်း ဇွဲပြည့်က ဘုရင်ဝတ်စုံနဲ့ပဲဖြစ်သည်။

ကြည့်ရတာ ကူးပြောင်းတဲ့ ကမ္ဘာက ဒီတစ်ခုတည်း ပဲလား... တွေးနေတုန်းမှာ နောက်က ခြေသံ ကြားရသဖြင့် ရှေ့တစ်ခေါက်ကလို ခေါင်းအရိုက်မခံရခင် ငုံ့ရှောင်ပြီးမှ လှည့်ကြည့်လိုက်သည်။

ဒါပေမယ့် သူတွေ့လိုက်ရတဲ့သူက ပထမတစ်ခေါက်က တွေ့ခဲ့ရသူမဟုတ်ဘဲ တစ်ကိုယ်လုံး အနက်ဝတ်ကာ မျက်နှာမှာလဲ အနက်ရောင် အဝတ်စနှင့် မျက်နှာဖုံး စီးထားသူတစ်ယောက် ဖြစ်နေလေသည်။

ကံသီစွာနဲ့ သူရှောင်လိုက်နိုင်တာက ရိုးရိုး လက်ဝါးတစ်ခု မဟုတ်ဘဲ ဓါးမြှောင်တစ်လက် ဖြစ်နေခဲ့သည်ပင်။

ဒီတစ်ခါတော့ ဇွဲပြည့် တကယ် မြန်မာရာဇဝင်ထဲက ဘုရင်အစစ် တစ်ပါးနေရာကို ကူးပြောင်းရောက်ရှိ လာခဲ့ရခြင်း ဖြစ်သည်။ ဘယ်ဘုရင်လဲဆိုတာတော့ သူမသိ။ သိခွင့်ပင် မရခင် နတ်ရွာစံရတော့မည်ဟု သူတွေးမိသည်။

You've reached the end of published parts.

⏰ Last updated: May 02 ⏰

Add this story to your Library to get notified about new parts!

သောက်တလွဲကူးပြောင်းခြင်းWhere stories live. Discover now