INTRO 🦋

162 10 4
                                    

Hello
အရင်ကတည်းက ရေးဖို့အစီအစဉ်ရှိထားတဲ့ NCT Dream ရဲ့ Fiction လေးကို အခုစပြီး အသက်သွင်းလိုက်ပါပြီ။အရင်ကficတွေနဲ့ မတူညီတဲ့ plotမို့ ရေးရမှာနည်းနည်းကြောက်နေပေမယ့် ရေးလိုက်လိုက်ဖျက်လိုက်နဲ့ပဲ အခုစာဖတ်သူတွေဆီကို ဝေမျှနိုင်မယ့်အရည်အချင်းရှိလာပြီလို့ ယုံကြည်မှုရှိလာတာနဲ့ စတင်ပြီး တင်လိုက်ခြင်းပါ။

စစချင်း plotအကြောင်း‌ကိုတော့ NCT dream ရဲ့ latest comeback Dream escape ( )ကနေပြီးတော့ ideaရခဲ့တာပေါ့နော်။comebackအတွက် image teaser (smoothie) ထွက်လာကတည်းက ကိုယ်တစ်ယောက်တည်း character တွေသတ်မှတ်ပြီး ဇာတ်လမ်းကို အကြမ်းရေးကြည့်ခဲ့ပါတယ်ကိုယ်လဲ စာဖတ်သူတွေထဲက စာဖတ်သူတစ်ယောက်မို့ ဖတ်ဖူးသမျှ NCT dream ficတွေထဲကမှ မတူညီတဲ့ပုံစံကို ပိုပြီးပြချင်တာမို့ အတက်နိုင်ဆုံး ကိုယ့်ခေါင်းထဲပေါ်လာခဲ့တဲ့ Ideaနဲ့ပဲ ရေးဖြစ်ခဲ့တာပေါ့နော်။ဒါပေမယ်လို့ အကယ်၍များ ကိုယ့်ရဲ့ plotက တစ်စုံတစ်ဦးတစ်ယောက်ရဲ့ အကြောငအရာတွေနဲ့တိုက်ဆိုင်သွားခဲ့ရင် ကိုယ်ကနောက်မှရေးတဲ့သူဖြစ်တဲ့အတွက် အရင်ရေးသားသူတွေကို Respect အပြည့်ပေးပါတယ်။တစ်ချို့နေရာတွေက ကိုယ်ကြည့်ဖူးသလောက် ဖတ်ဖူးသလောက် ဇာတ်ကားတွေ စာအုပ်တွေထဲက inspireယူထားတာမျိုးတော့ရှိတာမို့ မူရင်းပိုင်ရှင်တွေကို လေးစားမှုနဲ့ crd ပေးပါတယ်။

အရေးကြီးဆုံးပြောချင်တာကတော့
Characters are just characters,not related to idols ပါ။
Fanficမို့လို့ Idolနာမည်တွေပါပေမယ့် အပြင်လောကက idolက အခုလို fictionထဲက characters တွေနဲ့ဆက်စပ်မှုရှိမနေဘူးဆိုတာကိုလဲ remind လုပ်ချင်ပါတယ်။

ပြီးတော့ အခုfictionထဲက ကိုယ့်ရဲ့charactersတွေက နီနီရဲရဲအလံတွေပါမှာပါ။အဲ့တာနဲ့ပတ်သက်ပြီး အပြစ်မဆိုဖို့နဲ့ ဘယ်characterကိုမှ ရင့်ရင့်သီးသီးတွေမပြောကြဖို့ တောင်းဆိုချင်ပါတယ်။

Fanficဆိုတာနဲ့ otpက လာပြီပေါ့နော်။ကိုယ်ကတော့ otp sensitive မဟုတ်တာမို့ အခုficထဲမှာလဲ random otpတွေပါမှာပါ။NCT Dream ရဲ့ bondကို သိတဲ့သူတိုင်း သူတို့၇ယောက်လုံးက ဘယ်လောက်ထိ တစ်ယောက်နဲ့တစ်ယောက်ချစ်ကြလဲဆိုတာကို သိကြမှာမို့ otpနဲ့ ပတ်သက်ပြီး sensitive ဖြစ်ရင်တော့ ဒီficကို dropလိုက်ကြပါ။

Song recommend ကတော့ တစ်ပိုင်းချင်းဆီတိုင်းပေးဖို့ မသေချာပေမယ့် ကိုယ့်အတွက် နားထောင်စေချင်တဲ့သီချင်းရှိရင်လဲ ပြောပြပေးလို့ရပါတယ်။အရင်ficတွေဖတ်ဖူးသူတွေကတော့သိမှာဆိုပေမယ့် အခုမှအသစ်စဖတ်မယ့်သူတွေကိုပြောချင်တာက ယုံကြည်ပြီး လိုက်ခဲ့ပေးပါလို့။

ကဲကဲ introက ရှည်သွားပြီ။updateကတော့ တစ်ပတ်ကို တစ်ပိုင်း ဒါမှမဟုတ် နှစ်ပိုင်းလောက်လာပါမယ်။‌ချစ်ခင်ပြီး စောင့်မျော်ဖတ်ရှုပေးကြပါအုံး....


INTO THE UNKNOWN Where stories live. Discover now