အခန်း (၅) - ‌စတင်ပြင်ဆင်ခြင်း

549 94 3
                                    

Unicode

အခန်း (၅) - ‌စတင်ပြင်ဆင်ခြင်း

ထိုသို့ ပြောလိုက်ပြီးသည့်နောက် သူ့ရဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ကုလန်က ခေါင်း‌ထောင်ကာ သူ့ကို လှမ်းကြည့်လာလေ ၏။ ဘေးနားက သိမ်းဆည်းနေတဲ့ ချိုးကျိုတောင်မှ လုပ်လက်စကနေ ရပ်သွားကာ သူ့ကို သံသယဖြစ်စွာကြည့်လာ သည်ပင်။

နှစ်ယောက်လုံးဆီက မေးခွန်းပေါင်း သောင်း ခြောက်ထောင်နဲ့ အကြည့်တွေကို ရင်ဆိုင်နေရတာက ချန်ရှင်းကို ဖိအားများစေသည်ပင်။ နှုတ်ခမ်းကို လျှာနဲ့ သပ်လိုက်ကာ သူ အိမ်အပြန်လမ်းမှာတုန်းက စဉ်းစားလာတဲ့ အစီအစဉ်ကို ပြောပြလိုက်သည်။ “ ကျွန်တော် စီးပွားရေး အသေးစားလေး လုပ်ချင်တာ, ဒါပေမယ့် အရင်းအနှီးမရှိဘူးဖြစ်နေလို့လေ ”

ထိုသို့ပြောပြီးနောက် ချန်ရှင်း ရှက်ရွံ့သွားရ၏။ ဒါပေမယ့် မကြာသေးခင်က  သူတွေးခဲ့တာက သူသည်လည်း အရေထူတဲ့လူစားမျိုး မဟုတ်လေရာ ငွေချေးဖို့တော့ မလုပ်နိုင် လောက်ဘူးဟုပင်။ သို့သော်ငြား သူသာ ‌ငွေ မရှာနိုင်ရင် ကုလန်ရဲ့ ပိုက်ဆံတွေကို ပြန်ပေး နိုင်မှာ မဟုတ်ပေ။ ထို့ကြောင့် ကျည်ဆံကို ကိုက်ပြီးသာ ဆက်ပြောရတော့ ၏။ “ ကျွန်တော် ကတိပေးပါတယ်, မကြာခင် ကျွန်တော် ပိုက်ဆံပြန်ရှာပြီးတာနဲ့ ခင်ဗျားကို မှန်မှန်ကန်ကန် ပြန်ပေးမှာပါ ”

ကုလန်က ချန်ရှင်းကို တိတ်တဆိတ် ကြည့်နေခဲ့ ကာ ချန်ရှင်းတစ်ယောက် မျက်နှာကြီး နီသထက် နီလာတော့မှ ဖြည်းဖြည်းချင်း စကားပြောလာ၏။ “ မင်း ပိုက်ဆံ ဘယ်လောက် လိုတာလဲ ? ”

နဂိုက အငြင်းခံရဖို့ အသင့်ပြင်ထားတဲ့ ချန်ရှင်းတစ်ယောက် ကုလန်ရဲ့ အဖြေကို ကြားလိုက်ချိန်မှာ ခေါင်းက ချာခနဲ လှည့်လာကာ ကုလန်ကို တောက်ပတဲ့ မျက်လုံးတွေနဲ့ လှည့်ကြည့်လိုက်ရင်း စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်၏။ “ ဒင်္ဂါးတစ်တွဲရဲ့ တစ်၀က်လောက်ပါပဲ ”

ထိုသို့ပြောမိပြီးမှ မနက်က ချိုးကျိုပြောခဲ့တဲ့ အကြောင်းကို ပြန်တွေးမိသွားကာ သူ့မျက်နှာ ပေါ်က စိတ်လှုပ်ရှားမှုတွေက လွင့်စင်ပပျောက် သွားရ၏။ အနည်းငယ်တုံ့ဆိုင်းပြီး မလုံမလဲဖြင့်သာ “ အဲ့လောက်အများကြီး မရှိလဲ ရပါတယ်, ကျွန်တော် တခြားနည်းလမ်း စဉ်းစားလိုက်ပါ့မယ် ”

အစားထိုးယောက်ျားလေးဇနီးသည် " ဖူလန် " အဖြစ် ကူးပြောင်းသွားခြင်းWhere stories live. Discover now