အခန်း (၃) - ဆင်းရဲ‌မွဲတေ

670 102 7
                                    

Unicode 

အခန်း (၃) - ဆင်းရဲ‌မွဲတေ

ချန်ရှင်းက ကုလန်ရဲ့ မေးခွန်းကို ကြားလိုက်တာနဲ့ မသိစိတိအ‌လျောက် ခေါင်းခါရင်း သူမသိကြောင်း ခေါင်းခါလိုက်မိသည်။ 

ချန်ရှင်းရဲ့ အူကြောင်ကြောင် အကြည့်ကို မြင်တော့ ကုလန်ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေ ကွေးတက်လို့သွားရ၏။ ထို့နောက် သူ့ရဲ့ ပါးလွှာတဲ့ နှုတ်ခမ်းကို ဖွင့်ဟလိုက်ကာ ဖြည်းညှင်းစွာ ဆိုလာလေ၏။ “ ငါ့အဖေက သတို့သမီးတင်တောင်းပစ္စည်းပို့တုန်းက သူ့ရဲ့ ရိုးသားမှုကို ပြချင်ခဲ့တာလေ, ဆိုတော့ ကုမိသားစုဘက်ကနေပြီး ချန်မိသားစုကို ပေးခဲ့တာက အရှေ့ဘက်လမ်းက ‌ဆိုင်နှစ်ဆိုင်ရယ်, အနောက်အရပ်က လယ်မြေ ဆယ်ဧကရယ်, ငွေချောင်း နှစ်ရာရယ်ပေါ့ ”

ချန်ရှင်းက ဒီကိုရောက်လာတာ ရက်အနည်းငယ်သာရှိသေးတာမို့ ဒီ‌‌ေိရာက ငွေကြေးတန်ဖိုး‌တွေနဲ့ ပက်သက်ပြီး သိပ်မရှင်းလင်းသေးပါချေ။ အခု သူကြားလိုက်ရတဲ့ စကားအရ အဲ့တာက အတော်လေး များလောက်မယ်လို့ ခံစားမိပေမယ့် တန်ကြေးအနေနဲ့ ဘာ်လောက်ရှိမလဲဆိုတာ သူမသိပါချေ။  

ကုလန်က ချန်ရှင်းရဲ့ ရှုပ်ထွေးနေဆဲ အမူအရာကို မြင်လေရာ ဆက်ပြောလာ၏။ “ မင်း မယုံဘူးဆိုရင် ငါ့ဆီမှာ အဲ့ဒီ့ တင်တောင်းပစ္စည်း စာရင်းရှိနေသေးတယ်နော်, မင်း တစ်ချက်လောက် ကြည့်ကြည့်ချင်သေး လား? ”

ကုလန်ပြောတာ ကြားပြီးနောက် ချန်ရှင်းခေါင်းကို အမြန်ခါပြလိုက်သည်။ ကုလန်က ဒီလိုပြောလာတယ်ဆိုကာမှတော့ သူ့ဘက်ကလည်း မယုံကြည်နိုင်စရာ အကြောင်း မရှိပါချေ။ ကုန်ကုန်ပြောရရင် ကုလန်က သူ့ကို လိမ်လည်ပြောတယ် ဆိုရင်လည်း ထိုသို့ လိမ်လည်တာက ကုလန်အတွက် ဘာအကျိုးကျေးဇူးမှ ရှိမနေဘူးလေ။ 

ကုလန်က ချောင်းဆိုးလိုက်ရာ သူ့ရဲ့ မူလဖြူဖျော့နေတဲ့ အသွင်က ပိုလို့တောင် အရောင်အသွေးမဲ့လို့ သွားလေ၏။ ‌ချောင်းဆိုးနေတာ ရပ်သွားတော့မှ သူက ဆက်ပြောလာ၏။ “ ငါ လွန်ခဲ့တဲ့ တစ်ခေါက်က ချန်မိသားစုကို ဘာလာလုပ်တာလဲဆိုတာရော မင်းသိလား? ”

အစားထိုးယောက်ျားလေးဇနီးသည် " ဖူလန် " အဖြစ် ကူးပြောင်းသွားခြင်းWhere stories live. Discover now