chapter 28

27 4 0
                                    

Chapter 28
March 06, 2024
🦊Chapter 28

Arc 3 - ဖျော်ဖြေရေးလောက၏ လရောင်ဖြူလေး

အကူစနစ်က သူ့နောက်တွင်ရှိနေပြီး ​ပြေး​နေရခြင်း​ကြောင့် hostကို ကျိန်ဆဲလိုက်သည်။ သူ၏တစ်ကိုယ်တည်း​နေထိုင်တတ်မှုမှ ရုန်းထွက်လာသည့် ချစ်စဖွယ်​ကောင်းပြီး အပြစ်ကင်းစင်​သော လူငယ်တစ်ယောက်ကဲ့သို့ ပြုမူချင်လျှင်​ပင် မိန်းမငယ်လေးလိုမျိုး မိုက်မဲစွာ ရယ်နေရန် မလိုအပ်ပေ။

အခု​လော​လောဆယ် မင်းရဲ့ အပြုအမူတွေက တကယ်ကို ကွာခြား​နေတယ်...

ပိုင်​ဟောက်က သူ့နောက်ကျောကို ခဏစိုက်ကြည့်ပြီး ကူကယ်ရာမဲ့စွာပြုံး၍ အောက်ထပ်သို့ လိုက်သွား​လေသည်။

သူ့ညီလေးက ယခင်ကနှင့် မတူ​တော့သည့်ပုံပင်။

သူက သခင်ကြီးပိုင်ကို နှုတ်ဆက်ပြီး အနာဂတ်တွင် တိုးတက်ရန်အတွက် တရုတ်ပြည်တွင် ဆက်နေမည်ဖြစ်​ကြောင်း အဖိုးအိုအား ပျော်ရွှင်​စေမည့်စကားဖြင့် ဆွဲ​ဆောင်ပြောဆိုလိုက်သည်။ ရုပ်ရှင်ကားတစ်ကားရိုက်ပြီး ဘွဲ့ရရန်အတွက် ဆုတစ်ခုရရန် လိုအပ်​ကြောင်း ပိုင်ယွဲ့ထံမှကြား၍ အဖိုးအိုက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"ရုပ်ရှင်ရိုက်ဖို့က ကိစ္စကြီးကြီးမားမားတော့ မဟုတ်ဘူး... ​မြေးရဲ့အစ်ကိုကြီးကိုသာ ပြောလိုက်..."

ရွှယ်လင်က ပိုင်​ဟောက်အား စိတ်အားထက်သန်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ပိုင်​ဟောက်သည် ချောင်းဟန့်လိုက်သည်။

"မနက်ဖြန် ဝန်ထမ်း​တွေကို ပြောလိုက်မယ်..."

ရွှယ်လင်က သူ့ကို ပြုံးပြလိုက်ပြီး သူ့အဖိုး၏ပန်းကန်ထဲသို့ စားစရာတစ်ချို့ကို ထည့်​ပေးကာ စတင်စားလိုက်သည်။

ပိုင်​ဟောက်က ရုတ်တရက်ဆန်သည့် ​မေးခွန်းမ​မေးမီ ခဏလောက်စောင့်ပြီးမှ ပြောလိုက်သည်။

"မင်း သရုပ်ဆောင်တွေအကြောင်း တစ်ခုခု သိလား... ဒီနှစ်​တွေထဲ မင်းက နိုင်ငံခြားမှာ နေခဲ့တယ်လေ... ဒီဇာတ်ကားရဲ့ ကဏ္ဍတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ မလုပ်ရသေးဘူးမလား..."

ငါ့အမြှီးကိုဘယ်ကောင်ထိတာလဲကွ!Where stories live. Discover now