chapter 33

38 2 0
                                    

Chapter 33
March 08, 2024
🦊Chapter 33

ပိုင်ဟောက်၏အကူအညီကြောင့် ရွှယ်လင် သူကိုယ်တိုင်လုပ်ရန် လိုအပ်သောအရာ အနည်းငယ်မျှသာရှိခဲ့သည်။ မကြာသေးမီက ပြည်တွင်းရုပ်ရှင်ပွဲတော်များမှ ရုပ်ရှင်အသစ်များနှင့် ဆုရရုပ်ရှင်အချို့ကို သူ တွေ့ရှိခဲ့ပြီး သူ့ကိုယ်ပိုင်ဇာတ်ညွှန်းအတွက် အလုပ်လုပ်စဉ် နေ့စဉ်နေ့တိုင်းအိမ်တွင်ကြည့်ရှုခဲ့သည်။

သူက အရာများစွာကို ပြုလုပ်ခဲ့ပြီး ယခင်က သရုပ်ဆောင်ရန်ပင် ကြိုးစားခဲ့သော်လည်း ရုပ်ရှင်ရိုက်ကူးခြင်းက သူ့အတွက်ပထမဆုံးဖြစ်သည်။ မူရင်းပိုင်ရှင်မှ ဇာတ်ညွှန်း နှင့်အခြားအသုံးဝင်သော ဗဟုသုတများကဲ့သို့သော မှတ်ဥာဏ်များစွာ ကျန်ရှိခဲ့ပြီး အကူစနစ်လေးကလည်း သူ့အတွက်များစွာပြင်ဆင်ပေးထားသည်။ သို့သော် ရွှယ်လင်က စနစ်တကျသင်ယူရန် အလွန်လေးနက်နေဆဲဖြစ်သည်။

သူက ဤကမ္ဘာတွင် ပိုင်ယွဲ့အဖြစ် တစ်သက်တာနေထိုင်တော့မည်ဖြစ်သည်။ သူက ရုပ်ရှင်နှစ်ခုသာ ထုတ်လုပ်ပြီး အနားယူနိုင်ပေ။ အကယ်၍ သူက တစ်ပွဲထိုးအောင်မြင်၏သူတစ်ယောက်သာ ဖြစ်လာသည်ဟု သိကြပါက အလွန်ဆိုးရွားလိမ့်မည်။ ထို့အပြင် သူကရုပ်ရှင်ရိုက်ကူးရန် စိတ်ဝင်စားခဲ့၍ စနစ်တကျလေ့လာရန် ထိုအခွင့်အရေးကို အရယူနိုင်သည်။

အကူစနစ်လေးက သူ့အရှင်တွင် ထိုကဲ့သို့သော အကျိုးစီးပွားနှင့် ဝါသနာအမျိုးမျိုးရှိကြောင်း မသိရှိခဲ့၍ ယခု သူ၏လုပ်နိုင်စွမ်းအပေါ်တွင်သာ အံ့အားသင့်နေရသည်။

အကူစနစ်လေး၏ အတွေးများကိုကြားသောအခါ ရွှယ်လင်က ရယ်မောလိုက်သည်။

“ ငါအရင်ကပြောဖူးတယ်လေ...ငါက နှစ်ထောင်နဲ့ချီ ကျင့်ကြံလာတဲ့ မြေခွေးနတ်ဆိုးပါလို့…အဲဒီနှစ်တွေအားလုံး ဂူထဲမှာပဲအသိုက်လုပ်ပြီး ကျန်တာဘာမှမလုပ်ဘဲ ထိုင်ပြီး ကျင့်ကြံနေတယ်လို့ ထင်နေတာလား… ”

“ မဟုတ်ဘူးလား… ”

စနစ်လေးက လက်ရှိတွင် မြေခွေးပုံစံနှင့်တူသောကြောင့် ထိုအကြောင်းကို အလွန်စိတ်ဝင်စားနေသည်။

ငါ့အမြှီးကိုဘယ်ကောင်ထိတာလဲကွ!Where stories live. Discover now