chapter 142

Depuis le début
                                    

သူ၏စိတ်ထဲ၌ မည်သည့်အရာများရှိနေကြောင်း လားလားမျှမသိနိုင်ချေ။



ရန်မင်းအား ကြည့်ရှုရင်း ချန်ရုံက တစ်ကိုယ်တည်းတွေးနေခဲ့သည်။

- သူက ဘယ်လိုဇာတ်လမ်းမျိုးဖြန့်ထားတာလဲ  ... ဘယ်လိုဇာတ်လမ်းမျိုးကြောင့် ချန်ယွမ်နဲ့ သခင်မရွမ်က ဒီလောက်ထိ ဆိုးဆိုးရွားရွားဖြစ်သွားရတာလဲ -

ထိုအချိန်တွင် အဖိုးစွင်းက ဆက်လက်ပြောကြားလာခဲ့သည်။

" အရင်ရက်တွေတုန်းက သခင်မရွမ်က ကျွန်တော်တို့အဆောင်တော်ကို စောင့်ရှောက်ဖို့ လူတစ်ယောက်ပဲချန်ရမယ်လို့ပြောတယ် ... ကျန်တဲ့လူတွေကို ရာထူးက ဖယ်ပစ်မယ်တဲ့ ... ကံကောင်းစွာနဲ့ပဲ ချန်ကုန်းရန်းက တစ်ယောက်ယောက်ကို လွှတ်ပေးလိုက်တာ ...အဲ့ဒီလူက ပြောတယ် ... သခင်မလေးက ကြင်နာတတ်ပြီး အဖိုးတန်တဲ့လူမလို့ သခင်မလေးရဲ့လုံခြုံမှုအကြောင်း သေချာမသိသေးတဲ့အချိန်မှာ အစေခံတွေကို ခွဲထုတ်မပစ်သင့်ပါဘူးတဲ့ ... ပြီးတော့ အမှားလုပ်တဲ့သူတွေက သပ်သပ်ရှိပေမဲ့ တခြားလူအပေါ် ‌လာပုံချနေတယ်လို့လည်း ပြောပစ်လိုက်သေးတယ် ... အဲ့ဟာတွေက အဆင့်အတန်းကိုမရှိတာလေ ဟားဟား "

အဖိုးစွင်းမှာ ချန်ယွမ့်အား တလေးတစားမပြောဆိုသည့်အကြောင်းအရင်းအား ယခုမှ ချန်ရုံသဘောပေါက်သွားသည်။ဤသို့သော ဇာတ်လမ်းမျိုး ရှိနေခဲ့သည်ပင်။

ထိုအချိန်တွင် အဖိုးစွင်းက လှည်းရထားအား ရပ်တန့်လိုက်ကာ အနောက်သို့လှည့်၍ ပြောကြားလာပြန်သည်။

" သခင်မလေး ... အကုန်လုံးက သခင်မလေးတစ်ခုခုဖြစ်တယ် ထင်နေကြတာ ... "

ယင်းနောက်တွင် အဖိုးစွင်းက ပြောလက်စအား ခေတ္တရပ်တန့်ကာ အသံကို ပိုမိုနှိမ့်ချ၍ ဝေခွဲမရဖြစ်စွာဆိုလာခဲ့၏။

"  သခင်မလေးနဲ့အတူ လိုက်သွားတဲ့သူတွေလည်း တစ်ယောက်မှပြန်ရောက်မလာဘူး ...  ကောလဟာလတွေကတော့မျိုးစုံ ထွက်နေတာ ...  ကျွန်တော်ဆို ငိုလိုက်ရတာ တစ်ကြိမ်မကဘူး ... "

အဖိုးစွင်းက ပြောပြောဆိုဆိုဖြင့် ထောင့်တွင်ကပ်၍ထိုင်နေသောရန်မင်းအား တစ်ချက်လှမ်းကြည့်သည်။



မေကုန်းချင်Où les histoires vivent. Découvrez maintenant