Intro (ပြည့်ရှင်ဘုရင် King Louis Hwang မှ ဆူးခက်ငယ်လေးသို့ပေးစာ ~)

87 7 3
                                    


မျက်၀န်းများကို ဖွင့်ကြည့်လိုက်ပါ။
မင်းအတွက်ဖန်တီးပေးထားတဲ့ ကျုပ်ရဲ့ အချစ် ကမ္ဘာမှာ မင်းလေးက လုံခြုံစွာရှိနေပါသေးတယ်။

လောကကြီးကို မစူးစမ်းချင်ပါနဲ့ ကျုပ်ရဲ့ ဆူးခက်ငယ်

အန္တာရာယ်တွေကာရံထားတဲ့ လောကကြီးအလယ်
ကျုပ်ဆိုတဲ့ တံတိုင်းကိုကျော်လွန်သွားရင် ခိုကိုးရာမရှိတဲ့ ကျားခံတွင်း၀မှာ မင်းလေး တစ်ယောက်တည်းမရပ်တည်နိုင်မှာဆိုးတယ်။

ကျုပ်က အရာအားလုံးကို အုပ်ချုပ်နိုင်တဲ့ ဘုရင်တစ်ပါးဖြစ်နေလျက်နဲ့
ကျုပ်ရဲ့ မိန့်ဆိုခြင်းတွေဟာ ကျုပ်သိပ် မြတ်နိုးတဲ့
ဆူးခတ်လေးဆီကို မသက်ရောက်သတဲ့။

ဒါဟာ Dalton ပြောတဲ့ အချစ်ဆိုတဲ့အရာများလား ။

အဲ့သည်လိုဆို ကျုပ်ဟာ
ချစ်လွန်းလို့အရှုံးပေးမိတာလား ~
အရှုံးပေးလို့ချစ်ခဲ့မိတာလား ~
ဝေခွဲမရဝော့ာဘူး ကျုပ်ချစ်သက်ရယ် ~

မင်းက တစ်ခါတစ်ရံသိပ်ကို ဖြူစင်တဲ့ မွေးကာစ ကလေးငယ်လေး လို ~
တစ်ခါတရံ လည်း သိပ်ကိုခန့်မှန်းရခက်တဲ့ ပုစ္ဆာ
တစ်ပုဒ် နှင့်ဆင်တူ အဖြေထုတ်မရလို့ ကျုပ် ညနက်ပေါင်းများခဲ့ပြီ ~

လျှို့ဝှက်ချက်များတဲ့ ကျုပ်ချစ်သက်ဟာ
ဒီဘုရင်ကို ဆော့ကစားချင်နေရှာတယ် ။

ကျုပ်ရဲ့ဆူးခတ် ကျုပ်ချစ်သက် ရေ
ဒီစာလွှာဟာ ကျုပ်သွေးနဲ့ ကဗြည်းထိုးလို့
မြတ်နိုးကြောင်းတွေ စီကာကုံး ထား သည့်
မေတ္တာစာလွှာမဟုတ်တဲ့ ဒီဘုရင်ရဲ့ နှလုံးသားတစ်ခုလုံးပါပဲ။

ကျုပ်ရဲ့ အေးစက်တဲ့မျက်၀န်းတွေဟာ
ကျုပ်မြတ်နိုးတဲ့ ဆူးခက်ငယ်လေးအတွက်ဆို
‌ကြယ်ရောင်တောက် ပေးနိုင်ပါတယ်။

ဒီမျက်လုံးတွေမမှေးစက်ရခင် ကျုပ်ချစ်သက်လေး
ဒီဘုရင်ရဲ့ နှလုံးသားတစ်ခုလုံးပါ၀င်တဲ့
သည်စာလွှာကိုမြင်ကောင်းပါရဲ့။ ....

ပြည့်ရှင်ဘုရင် King Lions Hwang မှ
ဆူးခက်ငယ်လေး သို့ပေးစာ ~။

Hwang Hyunjin (a.k.a) Louis Hwang

-

"ချစ်ခြင်းရဲ့ လင်္ကာ ၊ နူးညံ့ခြင်းမမယ်တဲ့ နှလုံးသား
အေးစက်မာကျောသွားတဲ့ ဆက်ဆံရေးတွေ ၊
လွှတ်ချဖို့ခက်ခဲတဲ့လက်တစ်စုံ ၊ ဝေးကွာခြင်း ရဲ့ ရလဒ်မျက်ရည် ။

အားလုံး အားလုံး အားလုံး ကို ကျုပ် လွှတ်ချလိုက်ချင်ပြီ ဆူးခတ်ငယ် ..... ။"

You've reached the end of published parts.

⏰ Last updated: Apr 30 ⏰

Add this story to your Library to get notified about new parts!

La chambre d'échec du roi (Hyunlix)Where stories live. Discover now