2

14.9K 236 1
                                    

ဦး အခန်းတံခါးရှေ့တွင် မတ်တပ်ရပ်ရင်း
ကဲပို လက်ဖျားလေးများတောင် အေးလာသလိုလို။

"ဒေါက် ဒေါက်"

"...."


နောက်ထပ်တစ်ခါ ထပ်ခေါက်ဖို့ လက်လှမ်းလိုက်တဲ့
အချိန်မှာပဲ အခန်းတံခါးပွင့်သွားပြီး
အပေါ်ပိုင်းဗလာနှင့် ဦး ကို မြင်လိုက်ရသည်။
မျက်နှာချင်းဆိုင် မတ်တပ်ရပ်နေကြပြီး
အရပ်ကွာခြားမှုကြောင့် ကဲပို ဦးကို
မော့ကြည့်နေရ‌သည်။

"ဘာဖြစ်လို့လဲ ချစ်ကဲ"

"ဟို..ဦး ကိုအကူအညီတောင်းစရာလေးရှိလို့"

"တစ်ယောက်တည်းအိပ်ရမှာကြောက်လို့လား.."

ကဲပို ခေါင်းခါပြလိုက်ရင်း

"အမျိုးသမီးလစဉ်သုံးပစ္စည်းလေး လိုချင်လို့ပါ"

"ဘာလုပ်ဖို့လဲ.."

ဦး ပုံစံက ခေါင်းရှုပ်သွားဟန်ဖြစ်သည်မို့
ကဲပို လန့်သွားရသည်။ မပြောမဖြစ်တော့သည်မို့

"ဦး...ကဲပိုက လိင်နှစ်မျိုးပါလို့...
သားအိမ်လည်းပါတာ...အဲ့တာ..အခု...
ရာသီလာနေလို့ပါ...ဖေဖေက ဘယ်သူ့ကိုမှ
မပြောရဘူးဆိုပြီး မှာထားလို့ အခုမှ
ထုတ်ပြောဖြစ်တာ..ကဲပို..တောင်းပန်ပါတယ်နော်"

ပြောရင်း ရှိုက်သံများပါ ပါလာသည်မို့
လင်းထက် ခေါင်းရှုပ်သွားရသည်။
အဲ့တာကြောင့် သည်ကလေးက
ယောက်ျားလေးဖြစ်ပြီး နုလွန်းသည်ကိုး...
လင်းထက်က ခေတ်ပညာတတ်တစ်ယောက်ပေပဲမို့
အရမ်းကြီးတော့ မအံ့ဩမိပါ။

"ဟေ့...ငိုစရာမဟုတ်ဘူးလေ...လာ...
ဦး အခန်းထဲမှာ စောင့်နေ...တည်းခိုခန်းဘက်မှာ
သွားယူပေးမယ်..."

ပြောရင်း ကဲပို မျက်နှာပေါ်က မျက်ရည်စလေးများကို သုတ်ပေးကာ သူ့အခန်းထဲရှိ ဆိုဖာတွင်
ဝင်ထိုင်စေလိုက်သည်။

"မထိုင်တော့ဘူး...ပေကုန်လိမ့်မယ်.."

"ရတယ်...ကိုယ့် တံဘတ်ခင်းပြီးထိုင်လိုက်...
ခဏစောင့်နော်"

အခန်းထဲက ထွက်သွားသည့်
ဦးရဲ့ကျောပြင်ကျယ်ကြီးကို ကြည့်ကာ
ကဲပို ရှက်သွေးဖြာသွားသည်။
ကဲပိုက အကောင်သေးသည့်ထဲပါသည်မို့
အရပ်က 5ပေ4လက်မမှ တက်မလာ‌တော့ဘဲ
အလယ်တန်းကလေးလေးလိုလို။
ဦး အရပ်ကတော့ ခြောက်ပေဝန်းကျင်
ရှိသည်ထင်...ကဲပိုက မော့ကြည့်နေရသည်လေ။

Chit Kel PoDonde viven las historias. Descúbrelo ahora