"ဟင်း သဘောကျတဲ့အရာကိုဘယ်လိုပဲဖြစ်ဖြစ်ဆွဲထားတတ်တဲ့အကျင့်ကအရင်အတိုင်းမပြောင်းမလဲပါလား"

"ထားပါတော့ အဲ့ဒီနေ့ရောက်ရင်မင်းကိုတော့အလွတ်ပေးမှာပါ"

"ကင်မ် အဲ့တာဘာပြောတာလဲ"

"ဖီးလစ်"

ဝိန်းရဲ့အသံကမရှေးမနှောင်းမှပေါ်ထွက်လာသည်။
ရိုင်ယန်ကသူ့ကိုမျက်နှာလွှဲသွားကာရှေ့တည့်တည့်မှလျှောက်လာသောဝိန်းဆီသို့သာအကြည့်များပို့လိုက်သည်။

"မြို့တော်ဝန်ဝိန်း မင်္ဂလာပါခင်ဗျာ"

"မစ္စတာကင်မ်လည်းရောက်နေတာပဲ"

"ကျွန်တော်ဆပ်ကပ်လာကြည့်တာပါ
ဖီးလီးယက်စ်လည်းတွေ့တာနဲ့ကျွန်တော်ခေါ်ထားလိုက်တာ"

"ကျေးဇူးတင်ပါတယ် ကိုယ်လူကြားထဲပျောက်သွားလို့လိုက်ရှာနေတာ"

ဂျီမင်းသည်ဝိန်းအားခပ်စူးစူးသာစိုက်ကြည့်လိုက်သည်။
ဝီလီယမ်တွေ့လို့ကောက်ကောက်ပါအောင်လိုက်သွားတာများ လူကြားထဲပျောက်သွားတယ်ဟုဘာညာရွှီးရွှမ်းနေလိုက်သေးသည်။

"ဒါဖြင့်ကျွန်တော့်ကိုခွင့်ပြုပါဦး"

ရိုင်ယန်ကလျင်လျင်မြန်မြန်ပဲပြန်ထွက်သွားသည်။
ဂျီမင်းမှာဝိန်းဆွဲခေါ်ရာနောက်သို့လိုက်ရင်း ရိုင်ယန်ပြောခဲ့သည့်စကားလုံးများကတဝဲလည်လည်။
သူ့လက်ကိုဆုပ်ကိုင်ထားသည့်ဝိန်းကိုငေးကြည့်ရင်းမေးခွန်းပေါင်းစုံကသူ့ခေါင်းထဲပြည့်နှက်လို့နေသည်။

"ဝီလီယမ်ရော..."

"အခန်းထဲရောက်နေပြီ"

"ဝီလီယမ်ကဒီလောက်လွယ်လွယ်နဲ့အပါခံတယ်လား"

"ဒါပေါ့ ဘယ်အပါခံမလဲ
ကိုယ်သူ့ကိုမေ့သွားအောင်လုပ်လိုက်တာ"

စုံထောက်ကိုမေ့လဲအောင်လုပ်တယ်
ဒါကပြစ်မှုကြီးပဲ မစ္စတာဝိန်းရေ့

"အမ်.."

"စိတ်မပူပါနဲ့ သူနိုးလာရင်ကိုယ်တို့အကြောင်းစုံပြောပြလိုက်မယ်"

အခန်းထဲပြန်ရောက်သောအခါလူရိပ်တစ်ခုကကုတင်ပေါ်မှာလဲလျောင်းနေသည်။
ဂျီမင်းသည်သိချင်စိတ်ဖြင့်အနားတိုးကပ်ကာကြည့်လိုက်သည်။
ထိုလူသည်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပုံရကာသူတို့ရောက်လာတာတောင်မသိပါပေ။

Two Men In One Look (Completed)Where stories live. Discover now