Unicode
The Book Of Vinc
ဂျီမင်းကအိပ်ရာပေါ်မှာငြိမ်သွားပြီ။
တစ်ညလုံးသူ့မှာအကြောက်လွန်နေသောဂျီမင်းကိုဖက်ထားပေးကာချော့နေသော်လည်းတုန်ရီနေတာကနည်းနည်းမှပျောက်မသွားပေ။
နံနက်ဝေလီဝေလင်းအချိန်မှသူ့အိပ်ရာမှာအိပ်ပျော်သွားသောဂျီမင်းကိုသတိထားနေရသည်။"သွေးတွေအများကြီးပဲ ဝိန်း
အဲ့ဒီ အဲ့ဒီဇာတ်စင်ပေါ်မှာ...""ဝီလီယမ်လည်းရှိတယ်
သူ သူရော သေသွားတာ"မနေ့ညကဂျီမင်းကယောင်ခြောက်ခြားပြောခဲ့တဲ့စကားများကခေါင်းထဲကိုအစီအရီဝင်လာသည်။
"အစ်ကိုကဘာလို့လဲ"
"အနာဂတ်မှာကျွန်တော်တို့နှစ်ယောက်လုံးအတူတူသေသွားကြတာလား"
"အကယ်၍ဖီးလစ်အစားဂျီမင်းရောက်လာတာကိုအစ်ကိုသိရင်ဘာပြောမလဲသိချင်လိုက်တာ"
သိပ်ချစ်ရသောသူသည်မည်သည့်နေရာတွင်ရောက်နေမှန်းမသိသည့်အချိန်တွင်တစ်ထေရာတည်းတူသူကမိမိအိပ်ရာပေါ်မှာလဲလျောင်းနေသည်။
ဖီးလစ်ကိုမြင်တိုင်းဝီလီယမ်ကမြင်ကွင်းထဲပေါ်ပေါ်လာသည်။
လိပ်ပြာမလုံလွန်း၍ဖြစ်ချင်ရာဖြစ်ဖီးလစ်ကိုနမ်းတိုင်းမျက်လုံးမှိတ်ထားဖို့ပြောမိသည်။
ဖီးလစ်မှာအညိုရောင်မျက်ဝန်းတွေမရှိခဲ့ဖို့ဝိန်းဆုတောင်းချင်သည်။
အညိုရောင်တွေသာမရှိခဲ့ရင်အနည်းဆုံးတော့ဝီလီယမ်နဲ့တူလောက်မှာ..."အစ်ကို့ကတိကိုကျွန်တော်မတည်ချင်တော့ဘူး
ဖီးလစ်ကအစ်ကိုနဲ့အရမ်းကွဲပြားတယ်
သူတစ်ခါမှအစ်ကို့လိုမရယ်ပြဘူး
တစ်ခါမှနွေးနွေးထွေးထွေးမခံစားရဘူး
တစ်ခါမှလည်းစကားသေချာမပြောဘူး""အစ်ကိုထွက်သွားတဲ့နေ့ကစပြီးကျွန်တော်တစ်ရက်မှမပျော်ခဲ့ပါဘူး"
"ဒါပေမယ့်ဖီးလစ်ကိုယ်ထဲဂျီမင်းရောက်လာတဲ့နေ့ကဘာကြောင့်မှန်းမသိဘူး
ကျွန်တော်ပထမဆုံးအကြိမ်လွတ်လွတ်လပ်လပ်ရယ်နိုင်သွားတယ်
ရက်ပေါင်းများစွာပျောက်ဆုံးနေတဲ့အရာကိုပြန်ရှာတွေ့လိုက်သလိုပဲ"
BẠN ĐANG ĐỌC
Two Men In One Look (Completed)
FanfictionThere was a story about two men who fell in love with the same man But their story had already been a sad ending What if there is a chance to fix all these things,will we be able to rewrite the stars?