Chapter 2

0 0 0
                                    

Uni

ဂါဝန်လေး ကျုံးပြီး ပုံ့ပုံ့လေး ထိုင်နေတဲ့ သူ့ရဲ့လက်ထဲက ကော်ဖီခွက်ကလေးဟာ မတော်မဆ ဂါဝန်လိမ္မော်လေးပေါ် ဖိတ်ကျသွားသည်။

"အာ.. ဖိတ်သွားပြီ. ပြန်လဲရတော့မယ် "

"ဘာဖြစ်နေတာလဲ မင်း "

"ခင်ဗျာ.. "

"ကြည့်နေတာ စိတ်နဲ့လူနဲ့ ကပ်မနေဘူး. လိုချင်နေ ဝယ်လိုက်. ကလေးကလား လုပ်မနေနဲ့ "

ထိုကောင်လေး စဉ်းစားနေသည်။ ထို့နောက်မှ  အသံသဲ့သဲ့ထွက်ရယ်ရင်း မျက်လုံးစဉ်းစဉ်းတွေနှင့် သုခပြည့်စုံ၏ မျက်နှာတည်အား ကြည့်၏။

"ရှဉ့်လေးကို ပြောတာလား ခင်ဗျ "

"အင်း.. "

"သခင်လေး လိုချင်လို့လား "

"ဘာ.. ငါက လိုချင်ပါ့မလား. မင်း မျက်နှာက ရှဉ့်ခေါ်သွားပြီးကထည်းက မှိုင်နေလို့ ပြောနေတာ. "

"အဲ့တော့ သခင်လေးက ကျွန်တော့်ကို ဂရုစိုက်တယ်ပေါ့? "

သုခပြည့်စုံ ထိုကောင်လေးမျက်နှာကို လုံးဝမကြည့်။ ထိုမျက်လုံးတွေ ထိုအပြုံးတွေကို ရင်ဆိုင်နိုင်သည့်အနေအထားတွင်မရှိ။

သူအနားရှိနေတဲ့အချိန် သတိလွတ်လွတ်ပြီး စကားတွေအများကြီး ပြောပြောမိတယ်။ ပြောသမျှကလည်း မလိုအပ်တာတွေချည့်ပဲ။

"ဟောဗျာ သခင်လေးကလည်း စိတ်ကလည်း မရှည်ပြန်ဘူး. ဒေါသကလည်း လွယ်လိုက်တာ. ဒါပေမဲ့ ကျွန်တော့်ကို ဂရုစိုက်တယ်နော် ဟုတ်တယ်မှတ်လား ဟင် "

‌မနက်စာကို လက်စသတ်ပြီး အခန်းထဲ မြန်မြန်ပြန်သွားတော့သည်။ ထို့နောက် ထိုင်မြဲတမ်း ကော်ဖီသောက်၍ ကျန်ခဲ့လေသော ဂါဝန်လေးကို ပြတင်းပေါက်မှ ပြန်ချောင်းကြည့်မိလေ၏။

ဤသည်ကပဲ သခိုးလူမိသယောင်။ ကိုယ့်ကို ပြန်ကြည့်နေသည့် မျက်လုံးချင်းဆုံလိုက်ရ၏။ ခပ်ပြုံးပြုံးမျက်နှာကို စိတ်ရှုပ်လို့ လိုက်ကာဆွဲကာမိလေတော့..

"ရှီး အပေါက်မလဲရသေးဘူး "
_________

Knock.. kno..

"အို့ မြန်လှချည်လား သခင်လေးခင်ဗျ "

Nam Where stories live. Discover now