Chapter 1

1 0 0
                                    

Uni

*သုခပြည့်စုံ*

ဟော နာမည်လေးက သုခအပေါင်းနဲ့ ပြည့်စုံနေပါရောလား..
_____________

အမျိုးသမီးတစ်ယောက် နှင့်အမျိုးသား တစ်ယောက် လင်မယားဖြစ်ပုံပေါ်သည်။ စည်ပင်ကျယ်ဝန်းလှသော အိမ်ဝင်းကြီး ဖြစ်သော်ငြားလည်း အိပ်ခန်းကျဉ်းကျဉ်းထဲ၌ တစ်စုံတစ်ရာကို တီးတိုး ပြောဆိုနေကြ၏။

"ဒီအတိုင်းဆက်ထားရင် အားလုံးဒုက္ခရောက်ကုန်မှာပေါ့ "

"မဟုတ်လို့ ဘယ်လိုဆက်လုပ်ရမလဲ. ငါ့တူဖြစ်နေသေးတယ်လေ "

တံခါးပေါက် ခပ်ဟဟက မီးအလင်းဟာ အပြင်ဘက်ကို ဖိတ်စင်နေတယ်။ သေချာပေါက် ထိုတံခါးအနား ရပ်နေတဲ့
သုခပြည့်စုံ အကြောင်းပြောနေကြတာပေါ့။

"ကလေးတစ်ယောက်တည်း အဲ့ဒီ့မှာ ဘယ်လိုလုပ်သွားထားမလဲ "

"ကလေးလို့ ပြောလို့ရတဲ့ အရွယ်လည်းမဟုတ်တော့ပါဘူး. ပြီးတော့ ရှင့် တူက.... "

ကျွီ~~

ကျွန်တော် က သုခပြည့်စုံ. သေချာပေါက် သုခ အပေါင်းနဲ့ ပြည့်စုံနေတာတော့ ဘယ်ဟုတ်လိမ့်မလဲ. အဖေနဲ့အမေ ဆုံးတာ ရက်ဖြင့်မလည်ရသေးဘူး. ဦးလေးနဲ့အဒေါ်က ကျွန်တော့်ကို ပထုတ်ချင်နေကြပြီ..

"သု... သုခ.. ဘယ်လို ရောက်လာ.. "

ကျွန်တော့်ကို မြင်တိုင်း ဖြစ်ပျက်သွားတဲ့
ဒေါ်လေး မျက်နှာကို ကျွန်တော် သဘောမတွေ့ဘူး.  ဒေါ်လေးက ကျွန်တော့်ကို ကြောက်တယ်တဲ့.

"သား.. သုခ. မျိုးချုပ်နေပြီလေကွယ်. အိပ်မရလို့လား "

"ဗိုက်ဆာတာနဲ့.. မီးဖိုချောင်ထဲ ဘာမှ မတွေ့လို့ "

ဒေါ်လေးကို ကြည့်. ဗီရိုနားကပ်သွားပြီ.
ဦးလေးပြောမဲ့ စကားကို မစောင့်တော့ပဲ ကျွန်တော် ထွက်သွားလိုက်တော့တယ်. ကျွန်တော့်ကို မြင်နေရင် ဒေါ်လေးကြောက်နေအုံးမှာ.

စဉ်းစားမရဘူး အဖေနဲ့အမေ ဘာလို့ ကျွန်တော့်ကို ခေါ်မသွားတာလဲလို့.

သုခပြည့်စုံသည် မွေးရာပါ နှလုံးရောဂါရှိ ဝေဒနာသည်လေးဖြစ်ပြီး အမောခံမရ အနီးကပ်ပြုစုရမည့်သူ နှင့်နေရသည်။

Nam Where stories live. Discover now