ဘာတွန်မှာလည်းအထောက်အလှမ်းတွေထားခဲ့ကာ မည်သူဘာလုပ်နေသည်သိရှိရအောင်အဆက်မပြတ်စုံစမ်းနေစေသည်။အမှုကိစ္စများလည်းစိပ်လာကာစက်ရုံအလုပ်သမသေဆုံးမှု ပျောက်ဆုံးမှုများပါရှိလာသည့်အတွက်အစ်ကိုနှင့်တွေ့ဖို့ကိစ္စကိုလျင်လျင်မြန်မြန်ပြီးဆုံးအောင်လုပ်မှဖြစ်လိမ့်မည်။

သို့ပေမယ့်ဝိန်းကိုနှောင့်ယှက်နေသည့်ကိစ္စမမည်သောကိစ္စကလေးတစ်ခုကလည်းရှိနေပါသေးသည်။
ထိုကိစ္စမှာ အရာအားလုံးပြီးပြတ်သွားသောအခါတွင်ဂျီမင်းက၂၀ရာစုမှာကျန်နေခဲ့ဦးမှာလား ဟူသောအတွေးပင်ဖြစ်လေ၏။

အချိန်စီးကြောင်းတစ်ခုတွင်ဝိညာဉ်ကိုယ်ထည်တစ်ခုမှအချိန်ကွဲ၂ခုကအတူတွဲရှိနေ၍မဖြစ်ပါ။
အခုလောလောဆယ် လည်ချက်ဗဟိုအားစာအုပ်၏အစွမ်းကပိတ်ပင်ထားသည့်အတွက်စကြဝဋ္ဌာကြီးကကစဥ့်ကလျားဖြစ်မလာသေးပေ။

စာအုပ်၏လုပ်ဆောင်ချက်ပြီးမြောက်သွားသည်နှင့်ဖီးလစ်၏ဝိညာဉ်သည်လည်းဝါးမြိုခံရကာ အစွမ်းများအပြီးတိုင်ပျောက်သွားမည်ဖြစ်သည်။
ထိုအခါ လည်ချက်ဗဟိုကပုံမှန်အတိုင်းပြန်လည်လည်ပတ်လာသည့်အခါ ယခုလက်ရှိကမ္ဘာနှင့် အနာဂတ်ကကမ္ဘာကိုရောနှောပစ်လိုက်မှာဖြစ်သည်။
ဟိုဘက်ကမ္ဘာ၏စကြဝဋ္ဌာအက်ကွဲကြောင်းများကဒီဘက်ကမ္ဘာတွင်ပေါ်လာမှာဖြစ်ပြီး ကံမကောင်းခဲ့လျှင်အချိန်စီးကြောင်းမှကမ္ဘာများအားလုံးရောထွေးပါလာနိုင်သည်။

ထိုကဲ့သို့ဖြစ်လာလျှင်တော့ ဂျီမင်း၏အိမ်ပြန်ခြင်း မပြန်ခြင်းမှာကိစ္စအတော်ရှိသွားပြီဖြစ်လေ၏
မပြီးမြောက်ခဲ့လျှင် ထိခိုက်မည်မှာ သူတို့၄ယောက်သာဖြစ်သော်လည်း ပြီးမြောက်၍ဂျီမင်းပြန်မရောက်သည့်အခါ ထိခိုက်မည်က၎င်းအချိန်စီးကြောင်းတစ်ခုလုံးရှိသက်ရှိပေါင်းသန်းချီဖြစ်နေပြန်သည်။

ဝိန်းမှာဤသို့တွေးမိတိုင်းခေါင်းပါနောက်ကျိလာရလေသည်။ သို့သော်ငြား သူတတ်နိုင်သည့်ကိစ္စမဟုတ်သည့်အတွက် သူ့အနေဖြင့်ထိုင်ကြည့်ရုံသာရှိသည်။

ဖီးလစ်ကဤကဲ့သို့လုပ်လိမ့်မည်ဟုဘယ်တုန်းကမှမတွေးခဲ့ဖူးပါ။အကယ်၍ဖီးလစ်နေရာမှာစာအုပ်အကြောင်းကိုသေသေချာချာနားလည်ထားသည့်သူသာဆိုလျှင်တော့ဒီလိုလုပ်ဖြစ်လိမ့်မည်မထင်ပါ။

Two Men In One Look (Completed)Where stories live. Discover now