"အားလုံးအဆင်ပြေသွားပြီ မင်္ဂလာဆောင်ဖို့ဘဲကျန်တော့တယ်~"

"ဟုတ်လား တော်သေးတာပေါ့ သတို့သားကရော~"

"လောလောဆယ်တော့ တင်တောင်းဖို့ပုလဲရှာနေတယ်~"

"ပုလဲနဲ့တင်တောင်းရတာလား~"

"ဟုတ်တယ် ပုလဲအလုံးတစ်ရာနဲ့တင်တောင်းရတာ~"

"ဘယ်လို?..အလုံးတစ်ရာ?"

"ဟုတ်တယ် ဒါကဒီကျွန်းရဲ့ဓလေ့ဘဲ~"

"ပုလဲအလုံးတစ်ရာကိုရက်ပိုင်းနဲ့ရှာလို့ရနိုင်ပါ့မလား~"

"ဒီကျွန်းမှာက သားယောကျာ်းလေးမွေးရင်
မိဘတွေကပုလဲစုကြတယ် စုထားတာမပြည့်မှသာ
သူတို့သားကရှာရတာ ပြီးတော့ပုလဲကို ရွှံ့တောက
ကမာသေးသေးလေးတွေထဲရှာတာမဟုတ်ဘူး လိုက်ခဲ့~"

ဂျောင်ကုခေါ်ဆောင်ရာနောက်ထယ်ယောင်းလိုက်သွားတော့
သတို့သားကောင်လေးကရေနက်ထဲငုပ်ဆင်းသွားပြီး
တော်တော်လေးကြာမှာ လက်တစ်အုပ်စာကမာကောင်တွေနဲ့
ပြန်တက်လာပြီး အထဲကပုလဲကိုခွဲထုတ်ယူကြတာ~

"ဝါး တကယ်ကြိုးစားရတာဘဲ~"

"ဒီနေ့အလုံးတစ်ရာပြည့်ရင် မြို့ကိုစျေးဝယ်သွားကြမှာလေ တစ်ဘက်ခါဆိုမင်္ဂလာပွဲစပြီ~"

"မိုက်တယ်~"

ကျွန်းမှာနေလာတာသုံးနှစ်ရှိပြီဖြစ်တဲ့ဂျောင်ကုက
ထယ်ယောင်းကို ကျွန်းရဲ့ဓလေ့တွေပြောပြကာ
ကျွန်းရဲ့နေရာတိုင်းကိုလိုက်ပြလေရဲ့~

"တောင်ပေါ်တက်ရအောင်~"

"တောင်ပေါ်မှာကဘာရှိတာလဲ~"

"ရောက်ရင်သိမှာပေါ့ သွားကြမယ်~"

နှစ်ယောက်သား ကျွန်းရဲ့တောင်ပေါ်ကိုတက်သွားကြတော့
တောင်ထိပ်ပေါ်မှာ နတ်ကွန်းတွေရှိပြီး
အဲ့နတ်ကွန်းတွေကလူရိုင်းဆန်နေတာအမှန်~

"အရင်ကဒီကျွန်းမှာနေတဲ့လူတွေက လူရိုင်းတွေလား~"

"ဟုတ်တယ် လူရိုင်းမျိုးနွယ်စုတစ်ခုတဲ့
ပြီးတော့ဒီနတ်ကွန်းတွေရှိလို့ ဒီကျွန်းကပင်လယ်ရေလွှမ်းမခံရတာလို့အခုထိယုံကြည့်ကြတယ်~"

~~Mask~~{Complete}Where stories live. Discover now