ထယ်ယောင်းက ဂျောင်ကုကိုခေါင်းလေးအသာပွတ်ပေးကာ
ခြင်မောင်းပေးနေတော့ တစ်ဖြည်းဖြည်းနဲ့အိပ်ငိုက်လာပြီး
ခနအကြာမှာအိပ်ပျော်သွားတော့တယ်။

"ကလေးလေး ကိုကို့ရဲ့ကလေးလေး...မွ~"

အိပ်ပျော်နေတဲ့ဂျောင်ကုရဲ့နဖူးလေးကိုနမ်းကာ
ကိုယ်တိုင်အိပ်ချင်နေဘေမဲ့မအိပ်ဘဲ
ဂျောင်ကုကိုခြင်မောင်းပေးနေတဲ့ထယ်ယောင်း~

*ဂျိမ်း..ဂရိမ်း!*

"ဟင်းး~~"

"ကိုကိုရှိတယ်နော်ကလေး မကြောက်နဲ့ ဘာမှမဖြစ်ဘူး~"

ကျယ်လောင်လှတဲ့မိုးခြိမ်းသံတွေကြောင့်
အနည်းငယ်လှုပ်ရွလာတဲ့ဂျောင်ကုက ခနအကြာ
အအေးဓာတ်ပိုလာချိန်မှာတော့ ထိုင်နေတဲ့ထယ်ယောင်းအနားတိုးလာပြီ~

"ကလေး ချမ်းနေတာလား စောင်အပိုတွေရှိသေးလား
ကိုကိုယူပေးမယ်~"

"ဟင့်အင်း~"

"ဟုတ်လား အဲ့တာဆိုခနစောင့် ကိုကို့အိမ်ကသွားယူပေးမယ်~"

ထယ်ယောင်းစကားကြောင့် မျက်ရည်ဝဲလာကာ
စောင်ခေါင်းမူးခြုံသွားတဲ့ဂျောင်ကုကြောင့်
ထယ်ယောင်းပြာယာခတ်သွားပြီး ဘာလုပ်ပေးရမှန်းမသိ~

*ကလေးကငါ့ကိုမသွားစေချင်တဲ့ပုံဘဲ~*

"ကလေး~အရမ်းချမ်းနေရင် ကိုကိုဖက်ထားပေးမယ်နော်
ကလေးမကြိုက်ရင်တွန်းထုတ်ခဲ့ ဟုတ်ပြီလား~"

ဂျောင်ကုမကြိုက်မှာကိုစိုးရိမ်နေတဲ့ထယ်ယောင်းက
ဂျောင်ကုဘေးနားလှဲရုံရှိသေး ဟိုက
စောင်ကိုဖယ်ပြီး သူ့ရင်ခွင်ထဲဝင်လာတာမို့
ရင်ခုန်မိတာအမှန်~

*ငါကသာစိုးရိမ်နေတာ ကလေးကအခွင့်ရေးပေးနေတာဘဲ~*

"စောင်လဲခြုံရမယ်နော်ကလေး~"

"အင်း~"

သူ့ရင်ခွင်ထဲရောက်နေတဲ့ဂျောင်ကုက
သူ့လက်မောင်းကိုခေါင်းအုံးထားတာမို့
စတုရန်းပုံခေါင်းအုံးကိုထယ်ယောင်းယူအုံးကာ
စောင်ကိုတော့ဂျောင်ကုကိုဘဲခြုံထားပေးလိုက်တယ်။

"မိုးရွာလာပြီ~~"

"အခုပြန်အိပ်လို့ရပြီ အပေါ့အလေးသွားချင်ရင်
ကိုကို့ကိုပြော~"

~~Mask~~{Complete}Where stories live. Discover now