"ကလေး! ခနကကောင်မလေးက
ကိုကိုနဲ့ဘာမှမပတ်သက်ဘူး သူကိုယ်သူသတ်သေဖို့ကြိုးစားနေလို့ကိုကိုကတားနေတာ~"
"ခဗျားပြောတာကိုယုံမယ်ထင်နေလား
ခဗျားကအမြဲတမ်းလိမ်ညာနေတဲ့လူဘဲ~"
"ကလေးမယုံရင် ဟိုကလေးမကို...ဟင်?"
ရေစပ်ဘက်ကိုထယ်ယောင်းလှည့်ကြည့်ချိန်
ခနက ကလေးမကမရှိတော့တာမို့
အမြန်သွားကြည့်ရာ ကလေးမကရေနက်ထဲရောက်နေပြီ~
"ဟေ့ မလုပ်နဲ့ ပြန်လာခဲ့!"
"သူ..သူက?"
"ဟာကွာ ဒီလောက်တားနေတဲ့ကြားက~"
ထယ်ယောင်းက ရေထဲလိုက်ဆင်းသွားပြီး
အမြန်သွားဆွဲခေါ်လာဘေမဲ့ ကောင်မလေးက
ရေမွန်းလို့ အသက်မရှူတော့~
"ကျွန်တော်CPRလုပ်ပေးလိုက်မယ်
အောက်ချလိုက်~"
"ဟုတ်ပြီ~"
ကောင်မလေးကိုဂျောင်ကုက အရေးပေါ်အသက်ကယ်ဖို့
ပါးစပ်ချင်ထိ လေပေးရရုံမက ရင်ဘတ်ကိုလဲထိရတော့
ထယ်ယောင်းကိုလုံးဝမလုပ်ခိုင်း~
"အဟွတ်...အဟွတ်!"
"ဖြည်းဖြည်းချင်းအသက်ရှူ~"
"အဟွတ်..ဘာလို့ကယ်ပေးရတာလဲ..ဟင့်..သေချင်လို့ပါဆို~"
"ဘာလို့သေချင်တာလဲပြောပါဦး ဘာတွေစိတ်ညစ်စရာရှိနေလဲ~"
"ညီ..ညီမမှာကိုယ်ဝန်ရှိနေတယ်အစ်ကို~"
"ဘာ~ဘယ်သူနဲ့ရတာလဲ~"
"ညီမရဲ့ချစ်သူနဲ့ပါ~"
"သူကတာဝန်မယူဘူးတဲ့လား~"
"အဲ့လိုမဟုတ်ဘူး ညီမအဖေကအရမ်းဆိုတာလေ ပြီးတော့
ညီမမှာကိုယ်ဝန်ရှိနေမှန်းသိရင်အဖေကသတ်မှာ~"
"ဖြစ်ပြီးမှတော့ဘယ်တတ်နိုင်ပါ့မလဲ အခုလိုရှောင်ပြေးလို့ရောပြဿနာကပြီးသွားမှာလား~"
"မသိတော့ဘူး ညီမဘာလုပ်ရမှန်းမသိတော့ဘူး~"
"မနက်မှဘဲစဥ်းစားဆုံးဖြတ်ကြတာပေါ့ အခုတော့
အိမ်အရင်ပြန်ကြရအောင်ပါ~"
အခက်တွေ့နေတဲ့ကလေးမကိုဂျောင်တို့နှစ်ယောက်က
ဂျောင်ကုအိမ်ကိုခေါ်သွားပြီး အခန်းထဲအနားယူစေကာ
သူတို့နှစ်ယောက်ကတော့အပြင်မှာထိုင်လျှက်~
YOU ARE READING
~~Mask~~{Complete}