"အင်း ခဗျားရဲ့ဟန်ဆောင်ကောင်းကောင်းနဲ့
လိမ်ညာတတ်တဲ့အကျင့်က
ဘယ်အရွယ်ကတည်းကတတ်တာလဲ~"
ဂျောင်ကုစကားကြောင့်ထယ်ယောင်း
မျက်နှာပျက်သွားဘေမဲ့ ဂျောင်ကုကမေးတာဖြစ်လို့
အားတင်းကာ ပြုံးပြလိုက်လေတဲ့ထယ်ယောင်း~
"ကိုကိုရှစ်နှစ်ကိုးနှစ်လောက်ကဖြစ်မယ်
မိဘတွေနဲ့partyတစ်ခုကိုလိုက်သွားတုန်းက
ရွယ်တူကလေးတွေနဲ့ဆော့ကြရင်း ကလေးတစ်ယောက်က
အတူဆော့နေတဲ့ထဲက ကလေးတစ်ယောက်ကိုလှေခါးပေါ်ကတွန်းချလိုက်တယ်~"
"အင်း~"
"ခံလိုက်ရတဲ့ကလေးကခေါင်းကွဲသွားပြီးသတိမေ့သွားပြီး
လူကြီးတွေရောက်လာချိန်မှာ တွန်းချလိုက်တဲ့ကလေးက
အော်ငိုပြီး ကိုကိုကတွန်းချလိုက်တာပါလို့ပြောတယ် သူ့ကိုလဲတွန်းချဖို့လုပ်တယ်ဆိုပြီးငိုရင်းပြောတယ်~"
"............."
"ကိုကိုကမဟုတ်ပါဘူး မလုပ်ပါဘူးလို့ပြောဘေမဲ့
မိဘကလွဲပြီး ဘယ်သူကမှမယုံကြဘူး
အားလုံးကကိုကို့ကိုအပြစ်တင်ကြပြီး ကိုကို့မိဘတွေက
လျော်ကြေးတွေပါပေးလိုက်ရတယ်~"
"ဟင်~"
"အဲ့မှာဘဲ ကိုကို့စိတ်ထဲအတွေးမှားတစ်ခုဝင်သွားတယ်
ဟန်ဆောင်ကောင်းကောင်းနဲ့လိမ်ညာနိုင်ရင်
လူတိုင်းကယုံကြည်ကြတယ်ဆိုတာကိုပေါ့~"
"အဲ့တာဆို အဲ့အရွယ်ကတည်းက?"
"ဟုတ်တယ် အရင်ကလုံးဝမလိမ်ညာတတ်တဲ့ကိုကိုက
အစမ်းအနေနဲ့မိဘတွေကိုလိမ်ညာကြည့်တော့
မိဘတွေကယုံတယ် အဲ့ကနေစပြီး အပြစ်လုပ်မိရင်ဖြစ်ဖြစ်
တစ်ခုခုလိုချင်တာရှိရင်ဖြစ်ဖြစ် လိမ်တော့တာဘဲ~"
"အခုရော~"
"လိမ်ညာတာဟာမကောင်းမှန်း ကိုယ့်အတွက်
တန်ဖိုးကြီးတဲ့အရာတွေဆုံးရှုံးရတတ်မှန်း ကိုကိုသိပါပြီကလေး~"
"သူတစ်ပါးကိုလဲပျက်စီးစေတယ် အသက်ပါဆုံးရှုံးသွားစေတယ်ဆိုတာပါသိမှရမယ်~"
"ကိုကိုသိပါပြီကလေး ကိုကိုနောင်တတွေလဲရနေပါပြီ~"
"အဲ့တာဆိုထပ်မလိမ်နဲ့တော့~"
YOU ARE READING
~~Mask~~{Complete}