"ကိုကိုဆေးပေးရမလားကလေး~"

"လက်ကဒဏ်ရာကရေထိလို့မဖြစ်သေးဘူး
အေးဆေးနေ~"

"ကလေးကကိုကို့ကိုစိတ်ပူတယ်ပေါ့~"

"ခဗျားအပေါက်ကိုပိတ်ထားနော်~"

"အင်းပါကလေးရယ် ဟဲဟဲ~"

အရမ်းပျော်နေတဲ့ထယ်ယောင်းကို
အရင်လိုပေါ့ပျက်ပျက်ဖြစ်လာမှာစိုးတာကြောင့်
ဂျောင်ကုက ထယ်ယောင်းရှေ့ဆို မျက်နှာကိုတင်းထားစဲ~

"ကိုကိုမေးဦးမယ်ကလေး~"

"မေးလေ ဘာမေးမှာလဲ~"

"ပန်းအိုးတွေကဘယ်ကဝယ်ထားတာလဲ
လုပ်ထားတာသပ်ရပ်မှုမရှိဘူး~"

"ခရုခွံတစ်ခုချင်းစီကိုကိုယ်တိုင်ကောက်ပြီး
ကိုယ်တိုင်ပန်းအိုးတွေဖြစ်အောင်လုပ်ထားတာ~"

"အဲ့တာကြောင့် သေချာကြည့်ရင်
ဆန်းသစ်ပြီးလှနေတာကို~"

"လျှောက်ပြောမနေနဲ့ မလှဘူးဆိုတာသိတယ်
ဒီတိုင်းအိပ်မပျော်လို့လျှောက်လုပ်ထားတာတွေလေ~"

"အိပ်..အိပ်မပျော်လို့??"

ဂျောင်ကုဆီကအိပ်မပျော်လို့ဆိုတဲ့စကားကြောင့်
ပန်းအိုးတွေကိုကြည့်တော့ ပန်းအိုးတွေက
အများကြီး~

*ပန်းအိုးတစ်အိုးကိုတစ်ညတည်းနဲ့လုပ်လို့မရနိုင်ဘူး
ကလေးရဲ့အိပ်မပျော်တဲ့ညတွေအရမ်းများခဲ့တာဘဲ
အဲ့တာငါ့ကြောင့်တွေဘဲ~*

"ကလေး~~ကိုကိုတောင်းပန်ပါတယ်နော်~"

"ဘာတွေလာတောင်းပန်နေတာလဲ အရေးမပါတာတွေ~"

"ရှေ့လျှောက်ကလေးကို ကိုကိုအများကြီးကရုစိုက်ပါ့မယ်~"

ထယ်ယောင်းကိုပြန်ပြီးလက်ခံနေပြီဆိုဘေမဲ့
အရင်အကျင့်တွေပြန်ပေါ်လာရင်ဘယ်လိုလုပ်မလဲလို့တွေးကာအလုံးစုံလက်မခံနိုင်သေးတဲ့ဂျောင်ကုကိုလဲ
အပြစ်ဆိုလို့မရ~

"ကျွန်တော် ခဗျားကိုမေးစရာရှိတယ်~"

"မေးလေကလေး ကြိုက်တာမေး~"

"အမှန်တိုင်းဖြေဖို့တော့လိုတယ်နော်~"

"အင်းပါဖြေမှာပါ ကိုကိုမလိမ်ပါဘူး အကုန်အမှန်တိုင်းဖြေမှာ~"

~~Mask~~{Complete}Where stories live. Discover now