"ဘယ်လိုလဲဂျောင်ကု ထယ်ယောင်းကို ပြန်လက်ခံနိုင်ပြီလား~"
"အပြည့်အဝတော့မဟုတ်သေးပါဘူးအဒေါ်ရယ်~"
"အဒေါ်နားလည်ပါတယ် မင်းဘက်ကကြည့်လဲမှန်နေတာဘဲကို~"
"တကယ်ဆိုအပြီးသတ် စွန့်လွတ်လိုက်သင့်တာ
ဒါဘေမဲ့ ကိုကို့ရဲ့ကြိုးစားမှုတွေကိုလျစ်လျူမရှုထားနိုင်ဘူး~"
"ဟုတ်တယ် ကိုလူချောကအရမ်းကြိုးစားရှာတာ
ဒါဘေမဲ့ အရင်လိုအရမ်းကြီးစိတ်မနစ်ထားနဲ့ဦးပေါ့~"
"ဟုတ်ကဲ့~"
ဂျောင်ကုကအဒေါ်ကြီးတွေနဲ့စကားပြောရင်းအလုပ်လုပ်နေကာ အိမ်မှာအိပ်ပျော်နေတဲ့ထယ်ယောင်းကတော့
အိပ်ရေးဝလို့နိုးလာပြီ~
"အား..အင်းး ကလေးဘယ်သွားလိုက်တာလဲ...ဟင်~"
အိပ်ယာနိုးလာတဲ့ထယ်ယောင်းက ဂျောင်ကုကိုမတွေ့လို့
ဝမ်းနည်းသွားဘေမဲ့ သူ့လက်ကပတ်တီးကိုတွေ့လို့
ဝမ်းသာသွားချိန် သေချာဖုံးအုပ်ထာတဲ့
ထမင်းဟင်းလင်ဗန်းကိုတွေ့ပြန်တော့ ပါးစပ်နားရွက်ချိတ်မတတ်~
"ကလေးက အရမ်း အရမ်းကိုချစ်ဖို့ကောင်းလာတယ်ကွာ~"
ဟင်းခွက်တွေကိုကိုင်ကြည့်တော့လဲ
ပူမနေတော့ဘေမဲ့ ခပ်နွေးနွေးလေးရှိသေးတာမို့
မြန်မြန်လေးစားကာ ဆေးကြောသိမ်းဆည်းပြီး
ဂျောင်ကုကိုလိုက်ရှာဖို့ထွက်လာရာ ကမ်းဘက်ကနေဂျောင်ကုတို့ကပြန်လာပြီ~
"ကလေး ကိုကို့ကိုနိုးလိုက်တာမဟုတ်ဘူးကလေးရယ်
ဘာလို့တစ်ယောက်တည်းပင်ပင်ပန်းပန်းလုပ်နေတာလဲ~"
"ခဗျားဒီလောက်ပင်ပန်းနေတာ ထပ်ခိုင်းရင်
ကျွန်တော်ဘဲလူမဆန်ရာကျသွားမှာပေါ့~"
"မဟုတ်တာကလေးရယ် ကိုကိုမပင်ပန်းပါဘူး
အဲ့တာပေးခဲ့ ကိုကိုသယ်ပေးမယ်~"
ထယ်ယောင်းကဂျောင်ကုဆီက ခြင်းတောင်းတွေ
ပေါက်တူးတွေအကုန်ယူကာသယ်လာပေးတော့
ဂျောင်ကုကလဲအဒေါ်တွေကိုနှုတ်ဆက်ကာနောက်ကလိုက်လာလေရဲ့~
"ကလေး ဒါတွေဘယ်မှာထားမလဲ~"
"ရေချိုးကန်မှာထားလိုက် အကုန်ရေဆေးရမှာ~"
YOU ARE READING
~~Mask~~{Complete}