"အလုပ်ပင်ပန်းလာတာ ကောင်းကောင်းလေးစားပါစေ~"
ချက်ချင်းဆိုသလိုဂျောင်ကုက ဟင်းတွေကို
ထယ်ယောင်းပေးထားတဲ့gasမီးဖိုနဲ့ပြန်နွေးကာ
ထမင်းဟင်းခွက်အကုန်လင်ဗန်းထဲထည့်ပြီးယူထွက်လာတော့
ထယ်ယောင်းကပက်လက်ကြီးအိပ်ပျော်နေလိုက်တာ
ဟောက်တောင်နေပြီ~
*အရမ်းပင်ပန်းသွားပြီနေမှာ~*
"အိပ်ပါစေတော့လေ~"
ထမင်းဗန်းလေးကိုချကာ အိပ်နေတဲ့ထယ်ယောင်းဘေးဝင်ထိုင်တဲ့ဂျောင်ကုက ထယ်ယောင်းနဖူးပေါ်ကချွေးတွေကိုသုတ်ပေးရင်း ထယ်ယောင်းလက်ဖဝါးတွေကိုကြည့်မိတော့
ပေါက်ပြဲနေတာရစရာမရှိ~
"အလုပ်ကြမ်းမှမလုပ်ဖူးတာကို~"
ဂျောင်ကုကစိတ်ထဲနေလို့မကောင်းတာမို့
ထယ်ယောင်းလက်ကိုသေချာဆေးကြောပေးပြီး
အရက်ပြန်နဲ့ပိုးသတ်ကာ ဆေးထည့်ပတ်တီးစည်းပေးဘေမဲ့
ထယ်ယောင်းကမျက်နှာနည်းနည်းကြုံ့သွားဘေမဲ့မနိုးလာ~
"ဟယ် ကိုလူချောကအိပ်နေတာလား~"
"ဟုတ်အဒေါ် ~"
"ရေဘဝဲသွားဖမ်းကြမယ်လေ လိုက်မယ်မဟုတ်လား
ကိုလူချောကိုလဲနိုးလိုက်~"
"အိပ်ပါစေတော့ ကျွန်တော်လိုက်မယ် ခနစောင့်နော်~"
"အေးပါ အခုလိုကျတော့လဲ သဘောတွေကကောင်းပါ့တော်~"
"အခိုင်းလွန်ပြီးဖျားသွားမှာစိုးလို့ပါအဒေါ်ရယ်
သူဖျားရင်အလုပ်ခိုင်းမရတော့ဘူးလေ~"
"ဟုတ်ပါပြီ ယုံလိုက်ပါ့မယ်~"
နည်းနည်းမှအပြောမခံတဲ့ဂျောင်ကုက
အိမ်ထဲဝင်အဝတ်စားလဲပြီးပြန်ထွက်လာတော့လဲ
ထယ်ယောင်းကအိပ်ပျော်နေတုန်းဖြစ်ပြီး အဒေါ်ကြီးတွေလဲမရှိတာမို့ ပတ်ဝန်းကျင်ကိုမျက်စိဝှေ့ကြည့်ကာ
ထယ်ယောင်းနဖူးပေါ်ညင်သာစွာနမ်းလိုက်လေရဲ့~
"အေးအေးဆေးဆေးအနားယူနော်ကိုကို~"
ဂျောင်ကုသူ့ကိုဘာလုပ်သွားလဲဘာပြောသွားလဲမသိတဲ့ထယ်ယောင်းကအိပ်မက်လှလှလေးမက်နေတာမို့
တစ်ဘက်လှည့်ကာပြန်တောင်အိပ်နေလိုက်သေး~
YOU ARE READING
~~Mask~~{Complete}