"အဲ့လိုလုပ်ရတာကိုး~"
"ရေလောင်းရင် လက်လေးနဲ့မြေကြီးစိုရုံပက်ပေးနော်
အခုမှပျိုးထားစမို့ ရေအများကြီးလောင်းလို့မရသေးဘူး~"
"ကောင်းပါပြီ အစ်ကိုတို့ကရုစိုက်ပါ့မယ်~"
"ဒီမျိုးစေ့ကအပင်ပေါက်လာပြီး အပင်က
အမြစ်အားကောင်းလာရင် နှုတ်ပြီး တစ်ခြားနေရာမှာ
ကျဲကျဲလေးစိုက်ပေးရမယ် အဲ့တာတွေကို
နောက်မှ ကျွန်တော်အသေးစိတ်ပြောပြမယ် အခုတော့
တစ်ခြားမျိုးစေ့တွေကိုကျွန်တော်လုပ်သလိုလုပ်လိုက်ဦး~"
"Ok ok ကျေးဇူးပါဘဲကွာ~"
ကလေးလာသင်ပြသွားမှ နည်းအမှန်ကိုသိသွားတဲ့
ထယ်ယောင်းနဲ့ဂျောင်ကုက နည်းအတိုင်းလုပ်ဖို့
မြေကိုတူးဆွတာတွေကိုထယ်ယောင်းကလုပ်ပြီး
ဂျောင်ကုကပါးစပ်နဲ့ညွှန်ကြားရုံသာ~
"ရပြီလားကလေး~"
"ရပြီ ဖယ်တော့ မျိုးစေ့တွေကြဲတော့မယ်~"
"ကလေးကြဲလိုက် ကိုကိုရေခပ်ထားပေးမယ်နော်~"
"အွန်းအွန်း~မုန့်ညှင်းဖြူအရင်ကြဲမယ်~"
ဂျောင်ကုက ဘာမှပင်ပင်ပန်းပန်းမလုပ်ရဘေမဲ့
ထယ်ယောင်းကတော့ အစစအရာရာသူဘဲလုပ်ရတာမို့
ပင်ပန်းနွမ်းနယ်တာအမှန်~
"အား...ခါးနာလိုက်တာ ဗိုက်လဲဆာနေပြီ~"
"အဲ့တာဆိုအိမ်ပြန်ကြရအောင်လေ နေလဲမြင့်နေပြီ~"
"အွန်း ပြန်ကြတာပေါ့ ညောင်းနေပြီလားကလေး
လမ်းလျှောက်နိုင်ရဲ့လား~"
"လျှောက်နိုင်ပါတယ် ဘာမှပင်ပင်ပန်းပန်းလုပ်ထားတာလဲမဟုတ်~"
ထို့နောက်မှာတော့ နှစ်ယောက်သား
ယူစရာရှိတာယူပြီး အိမ်ပြန်ကြရာ အိမ်ရောက်တာနဲ့ထယ်ယောင်းက ကွပ်ပျစ်ပေါ်ပက်လက်လှဲအနားယူလေရဲ့~
"ခြေလက်ဆေးပြီးစောင့်နေနော်
ကျွန်တော် ခဗျားအတွက်ထမင်းဟင်းတွေသွားယူဦးမယ်~"
"ရတယ် အေးဆေးလုပ်ကလေး~"
ဂျောင်ကုကသူ့ရဲ့ကြောင်အိမ်ထဲက ထမင်းရယ်
ငါးကင်လေးရယ် ထယ်ယောင်းမြို့ကယူလာတဲ့
လက်ကျန်အရွက်ကြော်လေးရယ်နဲ့ ပုစွန်ထုပ်ဟင်းရည်လေးကိုထုတ်ယူလိုက်တော့ မနက်ကတည်းကချက်ထားတာမို့
အကုန်အေးစက်နေပြီ~
YOU ARE READING
~~Mask~~{Complete}