အပိုင်း ၂၂

590 54 8
                                    


"ဘာတွေကြည့်နေတာလဲ Geo"

"ဇာတ်လမ်းတွဲတစ်ခုပါ"

ဆိုဖာပေါ်ပျင်းရိပျင်းတွဲထိုင်ရင်း ရှေ့ကTVဆီအာရုံစိုက်နေသူက စိတ်သိပ်မပါဟန်။

"အဲ့လိုတွေလည်းကြည့်တာပဲလား"

"ပျင်းနေလို့ပါဗျာ ပြီးတော့ ကောင်လေးကိုလိုက်ဖို့ နည်းလမ်းလေးတွေများတွေ့မလားလို့"

"အရင်လကသူခရီးထွက်နေတာဆို အဆက်သွယ်ရပြီလား"

"မနေ့ကရတယ် ဒီနေ့ထပ်ထွက်သွားပြန်ပြီတဲ့
စီးပွားရေးသောင်းကျန်းချက်ပဲ"

"သူ့ကောင်လေးအတွက်နေမှာပေါ့"

"ဟုတ်လောက်တယ်"

ခနဲ့သလိုအပြောကို အတည်ပေါက်ကြီးပြန်ဖြေလာတာမို့ မျက်ခုံးပင့်ရသည်။

"အဆင်ပြေရဲ့လား"

"ပြေပါတယ် နောက်ဆိုရင်ကျွန်တော်ကသူ့ကောင်လေးဖြစ်လာတော့မှာလေ"

"မနိုင်ပါဘူးကွာ"

ပြောရင်းဆိုဖာထက်ထိုင်ချကာ Macbook တစ်လုံးနှင့်အလုပ်ရှူပ်ဖို့ပြင်သည်။ထိုစဥ်ဝင်လာသော phone call ကကျောက်စက်ဆီက။

"ပြော ကျောက်စက်"

"ညနေပွဲကိုတက်မှာလားလှမ်းမေးတာ ကို Cean"

"မတက်ဖြစ်လောက်ဘူး သင့်တော်မယ့်လက်ဆောင်တစ်ခုခုစီစဥ်ပြီးပို့လိုက်"

"ဟုတ်ကဲ့"

ဖုန်းချပြီးတော့ လုပ်စရာရှိတာဆက်လုပ်သည်။ဒီနေ့နားတာမို့ ဘယ်မှသွားချင်စိတ်မရှိ။Geoကလည်း ပျင်းလို့ဟုဆိုကာအိမ်ရောက်လာတာကြောင့် ညီအစ်ကိုနှစ်ယောက် ဧည့်ခန်းထဲအတူထိုင်ဖြစ်သည်။

Geoက TV ကြည့်နေချိန် သူကဘေးမှာအလုပ်လုပ်သည်။ခဏပျင်းလာတာကြောင့် Geoကြည့်နေတဲ့ဇာတ်လမ်းတွဲဆီအကြည့်ပို့မိသည်။နည်းနည်းလေးကြည့်ပြီး သူ့စိတ်တွေအလိုမကျတော့။

"အဲ့မင်းသမီးကဘာကိစ္စပွဲဆီရောက်သွားရတာလဲ သူ့လည်းမဖိတ်ပဲနဲ့"

" သူသွားမှမင်းသားနဲ့တွေ့ရမှာပေါ့ တွေ့မှအကူအညီရမယ် ပြီးရင်ရင်းနှီးမယ် ဇာတ်လမ်းကအဲ့လိုသွားရမှာလေ"

OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ် OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်ငယ်Where stories live. Discover now