ကျွန်မနှင့် လွင့်​​ငေးခြင်း

147 14 7
                                    


တစ်နေ့ပြီးတစ်နေ့ ...
ကိုယ်ဟာလေတကယ်ကိုမကောင်းဘူး
အရာအားလုံးပြန်စဖို့ မဖြစ်နိုင်ဘူး
ခံနိုင်ရည်ရှိတဲ့သူ ထင်သလိုကိုယ်ဟာမဟုတ်တော့
ဟိုအရှုံးပေး ဒီအရှုံးပေး နေ့ရက်လေးတွေ...

အရာရာကို ရင်မှာတကယ်ကိုမေ့လိုက်ချင်
တစ်ခါတစ်လေ တိမ်တွေလိုပဲမျောလိုက်ချင်
ခံစားလွန်းတဲ့ဒီစိတ် ကြိတ်မှိတ်ခါမြိုသိပ်...

ကိုယ်ဟာမင်းအတွက်
ဘယ်လိုမှတကယ်ကိုမကောင်းဘူး
စိတ်တိုင်းကျ လူကောင်းတစ်ယောက် မဖြစ်နိုင်လို့
အလကားပဲ မလိုတာတွေကို ခံစားရင်းလေ
တကယ်လက်တွေ့ ကျော်ဖြတ်ဖို့ခက်နေလို့ ...

တစ်ခါတစ်လေ ဒဏ်ရာတွေကိုမေ့လိုက်ချင်
အရာရာကို ဖြူစင်စွာပြန်စလိုက်ချင်
အမှတ်မရှိတဲ့ဒီစိတ် ကြိတ်မှိတ်ကာမြိုသိပ်

အရာရာကို ရင်မှာတကယ်ကိုမေ့လိုက်ချင်
တစ်ခါတစ်လေ တိမ်တွေလိုပဲမျောလိုက်ချင်
ခံစားလွန်းတဲ့ဒီစိတ် ကြိတ်မှိတ်ကာမြိုသိပ်...

တစ်နေ့ပြီးတစ်နေ့ (မျိုးကျော့မြိုင်)

....................................................


လေထဲမှာလွင့်နေတဲ့ အတွေးတွေကို ဖမ်းဆုပ်ယူဖို့ကြိုးစား​ေနရင်း​နဲ့ပဲ ခံစားချက်တွေကို စာသားတွေအဖြစ် ပြောင်းလဲပစ်မိပြန်တယ်...

ငယ်စဥ်ကတည်းကစလို့ ကျွန်မသိပ်နှစ်သက်ခဲ့တဲ့ သီချင်းပေါင်းများစွာထဲမှာ ကိုမျိုးကျော့ သီချင်းတွေ အတော်ပါပါတယ်။ အမှန်တော့ ကျွန်မက ပုဂ္ဂိုလ်စွဲ သိပ်မရှိလှပါဘူး။ ဒီအဆိုတော်ကို ကြိုက်လို့ သူ့သီချင်းတွေကို ကြိုက်သွားတယ် ဆိုတာမျိုးထက်.. ဒီသီချင်းကို ကြိုက်လို့ အဲ့ဒီအဆိုတော်ရဲ့ တခြားသီချင်းတွေကို နားထောင်မိသွားတာပိုများတယ်။ တစ်ခါတစ်လေ နားထောင်ပြီးရင် အပုဒ်တိုင်း ကြိုက်ချင်မှလည်းကြိုက်တယ်။ တစ်ခါတစ်လေ.. တစ်ပုဒ်ထဲပဲ ရွေးပြီးကြိုက်တာမျိုးတောင်ရှိပါသေးတယ်။

သီချင်းတစ်ပုဒ်ကို နှစ်သက်မြတ်နိုးမိပုံက အမျိုးမျိုးပါပဲ။ တစ်စွန်းတစ်စကြားမိလိုက်တဲ့ တေးသွားသံစဥ်လေးကြောင့် ရုတ်တရက်ကြီး မြတ်နိုးနှစ်သက်မိသွားတာလည်းရှိတယ်။ တစ်ခါတစ်လေ စာသားတစ်ကြောင်း စာပိုဒ်လေးတစ်ပိုဒ်ကြောင့် နှစ်သက်မိသွားတာမျိုးလည်းရှိတယ်။ Singer ရဲ့ အသံ tone power ကြည်လင်ပီသမှုတွေကြောင့် သို့မဟုတ် အသံချိုပြီး သီချင်းနဲ့ အရမ်းလိုက်ဖက်လွန်း​ေနတာကြောင့် ကြိုက်မိသွားတာမျိုးလည်းရှိတယ်။ သီချင်းတစ်ပုဒ် လုံးရဲ့ နောက်ကွယ်က အကြောင်းအရာ အဓိပ္ပါယ်ကြောင့်မို့ တနည်းပြောရရင် သီချင်းကပေးတဲ့ အနှစ်သာရကြောင့်မို့ အရမ်းကိုနှစ်သက်သွားမိတာလည်း ရှိပါတယ်။ အဆိုတော်ရဲ့ ရုပ်ရည်ကြောင့် နှစ်သက်မိတာမျိုးကတော့ မရှိသလောက်ပါပဲ။ ဘဝမှာ အရမ်းကြိုက်ခဲ့ရတဲ့ သီချင်းတချို့ဆို အဆိုတော်ကို မမြင်ဖူးတာမျိုးတောင်ရှိခဲ့ပါတယ်။

My Feelings, My Creations Where stories live. Discover now