အလုပ်ထဲစိတ်နှစ်မရတဲ့အတူ Horizonဆီသာထွက်ခဲ့လိုက်သည်။လမ်းတစ်လျှောက်ဟိုဟိုဒီဒီကြည့်ရင်း တစ်စုံတစ်ယောက်ကိုမြင်မိသလိုမျက်စိမှောက်သေးသည်။
ဖြစ်မှမဖြစ်နိုင်တာ။သူနဲ့နောက်ဆုံးတွေ့ပြီးကတည်းက အပြင်ထွက်မလာတာတစ်လကျော်နေပြီ။သူတမင်စုံစမ်းထားတာမဟုတ်ပါဘူး ဒီတိုင်း..သူ့စကားတွေလွန်သွားသလိုခံစားရလို့ အပြစ်မကင်းစိတ်နဲ့ လုံခြုံရေးကိုစောင့်ကြည့်ပေးနေတာ။
အဲ့ဒီတိုက်မှာ သူ့လူသုံးယောက်ထား,ထားသည်။CCTV တွေလည်း Hackကာ 24hr စောင့်ကြည့်ခိုင်းထားတာမို့ သူအပြင်ထွက်တာနဲ့တန်းသိမှာ။သူကမသိချင်ပါဘူး အမြဲဒုက္ခရောက်တတ်လွန်းတဲ့ သူ့ရဲ့လုံခြုံရေးအတွက်သာ။
Horizonရဲ့အခန်းထဲဝင်တော့ ဆေးမှတ်တမ်းတွေနဲ့အလုပ်ရှူပ်နေသူကိုတွေ့သည်။သူဝင်လာတာမြင်တော့ အံသြသလိုမျက်ခုံးပင့်လေ၏။Fileတွဲကိုပိတ်ကာ လျှောက်လာပြီး သူထိုင်နေသည့် Sofaနှင့်မျက်နှာချင်းဆိုင်မှာဝင်ထိုင်လေသည်။
"ကိုCean လာလှချည်လားဗျ ဒီတစ်လတည်း ငါးခါကျော်နေပြီ"
"လာလို့မရဘူးလား"
"မဟုတ်ပါဘူးဗျာ အဆင်ရောပြေရဲ့လား ကျောက်စက်ပြောတာတော့ ဒီတစ်လောအရမ်းပေါက်ကွဲနေတယ်ဆို"
"သူတို့အလုပ်လုပ်ပုံကမှမဟုတ်တာ"
ပြောရင်း အိတ်ကပ်ထဲမှ စီးကရက်ဗူးကိုထုတ်ကာခုံပေါ်တင်လိုက်သည်။
"ဒီမှာ စီးကရက်သောက်လို့မရဘူးနော်ကိုCean"
"သိပါတယ် ဖြတ်ဖို့တောင်စဥ်းစားနေတာ ဒီတလော ချောင်းတွေဆိုးနေလို့"
အမှန်တရားလား မုသားလားဆိုတာကတော့ ကာယကံရှင်ကိုယ်တိုင်မှသိမှာ။
"ဟုတ်လား စောစောကမပြောဘူးဗျာ ဖြတ်လိုက်တာကတော့အဆင်ပြေပါတယ် ရေရှည်ကျန်းမာရေးအတွက်ကောင်းတာပေါ့"
"အွန်း ခုလောလောဆယ်တော့ လျှော့နေတယ် အစားထိုးဖို့တစ်ခုခုမတွေ့သေးလို့"
စီးကရက်ဗူးကိုကြည့်မိတဲ့ Horizon ဒုတိယအကြိမ် မျက်ခုံးပင့်သွားသည်။
YOU ARE READING
OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ် OCEAN (or)သမုဒၵရာပိုင္တဲ့လျခမ္းငယ္ငယ္
Paranormalမင်းကိုပိုင်ဆိုင်ခွင့်နဲ့ပတ်သပ်လာရင် ကံကြမ္မာကိုတောင်စိန်ခေါ်ပစ်မယ်ငယ်ငယ်
အပိုင်း ၂၁
Start from the beginning