ထိုနောက်သုတေသနဝတ်စုံအဖြူဝတ်ဆင်ထားသည့်သူတွေကစမ်းသပ်ခန်းထဲပြန်ဝင်ကာဖြေဆေးဖော်စပ်နိုင်ရန်ကြိုးစားတော့သည်။
..............
လျှင်မြန်စွာပင်အချိန်တွေကထပ်မံကုန်ဆုံးသွားပြန်သည်ဒီအနောအတွင်းအဖြစ်အပျက်တွေအများကြီးဖြစ်သွားခဲ့ကာ၁၀ရက်ခန့်အချိန်ပေးပြီးမှဖြေဆေးအားလုံးကိုဖော်စပ်လို့ပြီးမြောက်သွားကာဆေးအားလုံးကိုဖော်စပ်လို့ပြီးမြောက်သွားကာဖြေဆေးတွေကိုသေနတ်ထဲထဖော်စပ်လို့ပြီးမြောက်သွားကာဖြေဆေးတွေကိုသေနတ်ထဲထည့်ကာဖုတ်ကောင်ကိုပစ်လိုက်ပါကဗိုင်းရပ်စ်ကသေသွားကာကူးစက်နိုင်ခြင်းမရှိတော့ဘဲသူ့ဆီကကူးစပ်ထားတဲ့ဗိုင်းရပ်စ်တွေကလည်းအလိုအလျောက်သေဆုံးသွားမှာပင်ဖြစ်သည်။
ထိုကြောင့်ပြောင်းလဲသွားတဲ့ပထမအသုတ်ကဖုတ်ကောင်တွေကိုအဓိကထားပစ်ခတ်လေသည်။
တစ်ကမ္ဘာလုံးကိုဖြေဆေးဖြန့်ချီးပြီးနောက်တစ်နှစ်ခန့်လောက်အချိန်ယူကာဖုတ်ကောင်တွေကိုရှင်းလင်းပစ်ခဲ့ကြပြီးသာယာပျော်ရွှင်သည့်ပတ်ဝန်းကျင်တစ်ခုပြန်လည်ရရှိအောင်လူသားတွေမှာအပြင်းအထန်တိုက်ပွဲဝင်ခဲ့ကြရသည်။
ဖုတ်ကောင်တွေအားလုံးရှင်းပစ်ပြီးတော့ဒီကမ္ဘာရဲ့ဇာတ်လိုက်မကလည်းရှောင်းကျန့်လက်ချက်နဲ့အသက်ပျောက်သွားခဲ့ရလေပြီ
အကြောင်းမှာရှောင်းကျန့်ကိုဘယ်လိုမှမြူဆွယ်လို့မရသည့်အဆုံးရိတွေဖြစ်ကာရှောင်းကျန့်ခေါ်သည်ဟုလှည့်ဖြားကာခေါ်ပြီးသတ်ရန်ကြိုးစားခဲ့သော်လည်းရှောင်းကျန့်ကသိသွားကာအချိန်မှီရောက်လာခဲ့ပြီးသူ့အသက်လေးကိုထိသည့်ဇာတ်လိုက်မကိုသူ့စကားအတိုင်းပင်အရက်စက်ဆုံးနည်းလမ်းတွေအသုံးပြုကာဘဝပြောင်းပေးလိုက်လေသည်။
ဖုတ်ကောင်တွေမရှိတော့သော်လည်းလှပတဲ့ပတ်ဝန်းကျင်တစ်ခုပြန်လည်တည်ဆောက်ရန်အတွက်အချိန်၃နှစ်ပေးကာပြန်လည်တာ်ဆောက်ခဲ့ရပြီးယခုဆိုရှောင်းကျန့်ဒီကမ္ဘာကိုကူးပြောင်းလာတာ၄နှစ်ကျော်သွားပြီဖြစ်သည်။
ဖန်ရှင်းလေးကလည်းအသက်၄နှစ်ေကျာ်သွားပြီဖြစ်ကာစကားမပီတပီနဲ့အားလုံးရဲ့အသည်းကိုဖမ်းစားထားကာဆည်းလည်းလေးပင်ဖြစ်နေပြီဖြစ်သည်။
part13<Unicode>end
Start from the beginning
