<Unicode>
*ဟုတ်.....ရိပေါ်ခုဏလေးကမှအရေးကြီးတာတစ်ခုသိလိုက်ရတယ်...အဲ့ဒါကနောက်ထပ်တစ်လနေရင်ဒီကမ္ဘာကပျက်စီးကိန်းရောက်တော့မှာ......*
ရိပေါ်ပိုင်ဟွားပြောပြတဲ့အရာအားလုံးကိုအသေးစိတ်ရှင်းပြလိုက်ပြီးသူ့ေပြာတာကိုကောယုံကြည်လားမယုံကြည်လားစောင့်ကြည့်ကာအကယ်၍ကောမယုံပါကနယ်မြေနဲ့ပိုင်ဟွားကိုပြကာသက်သေပြ၍ရသည်လေ။
ရှောင်းကျန့်ရိပေါ်ပြောတာတွေကိုသေချာဂရုစိုက်နားထောင်ကာအတော်လေးတော့အံ့ဩနေမိသည်။
ဒီကမ္ဘာကဝတ္ထုကိုဖွဲ့စည်းထားတာမဟုတ်ဘူးလား
ဒါမှမဟုတ်....ထူးဆန်းတဲ့ဝတ္ထုစာအုပ်တွေနောက်ပြီးတိုက်ဆိုင်စွာလေယာဉ်ပျက်ကျတာတွေသူဝိဉာဉ်ကူးပြောင်းလာတာတွေကိုကြည့်ခြင်းအားဖြင့်သူကထိုစာအုပ်ကိုဖတ်မိ၍သာဒီကမ္ဘာကိုဝတ္ထုစာအုပ်ထဲကကမ္ဘာဟုထင်နေမိခြင်းဖြစ်သည်။
ဒါပေမယ့်ထိုဝတ္ထုစာအုပ်ကဒီလိုအဆင့်မြင့်ယာဉ်ပေါ်မှာမည်သို့ကျန်ရစ်ခဲ့မည်လဲ...ကျန်တဲ့သူတွေကရောသူမတွေ့ခင်ကထိုစာအုပ်ကိုဘာလို့တွေ့ရှိခြင်းမရှိရတာလဲ
ရှောင်းကျန့်သေချာတွေးတေားပြီးနောက်တစ်စုံတစ်ခုကိုနားလည်သဘောပေါက်သွားသည်။
ဒီကမ္ဘာကအစစ်အမှန်ကမ္ဘာတစ်ခုပင်ဖြစ်သည်။
ဒီဝတ္ထုထဲကဇာတ်ကောင်တွေကလည်းအစစ်အမှန်လူသားတွေသာပင်
ဒီကမ္ဘာကိုပြန်လည်စောက်ရှောက်ရန်အတွက်ကောင်းကင်ဘုံကဇာတ်လမ်းစာအုပ်ပမာဖန်ဆင်းပြီးသူ့အားဖတ်စေကာဝိဉာဉ်ကူးပြောင်းလာခြင်းဖြစ်ရမည်။
ထိုစာအုပ်ကကမ္ဘာနှစ်ခုရဲ့ဝင်ပေါက်ပုံစံပင်ဖြစ်ရမည်
သို့သော်ထိုအရာကလည်းမသေချာပေသူ့ဘာသာခန့်မှန်းရုံသာရှိသည်သေချာတာကတော့ဒီကမ္ဘာကလူတွေကတကယ့်အစစ်အမှန်လူတွေချည်းသာဖြစ်သည်ဆိုတာပင်
*ကော....ကော!!...*
*ဟင်...အင်....ဘာဖြစ်လို့လဲအသက်*
*ကောကဘာတွေစဉ်းစားနေတာလဲရိပေါ်ပြောတာမယုံလို့လား*
*မဟုတ်ပါဘူးအသက်ရယ်.....ကိုယ်ကအသက်ပြောတာမှန်သမျှယုံကြည်တာပေါ့ကွာ..အခုကကိုယ်တွေးနေတာအချိန်ကတစ်လပဲလိုတော့တယ်ဆိုတော့လိုအပ်တာတွေဝယ်ထားမှဖြစ်မယ်လေအသက်ရဲ့အဲ့ဒါကြောင့်မလို့ပါ*
