part13<Unicode>end

1.9K 54 4
                                        


စကားပြောစက်ကတုန်ခါလာကာအသံမြည်လာတာကြောင့်ရှောင်းကျန့်ကအိပ်ကပ်ထဲကစကားပြောစက်ကိုယူလိုက်သည်။
*ဝေ့...ဘယ်သူလဲ....*

*ရှောင်းကျန့်....ငါပါဟန်ယုပင်....*

*အော်....အကိုဟန်ယုတစ်ခုခုလိုလို့လား*

ဟန်ယုပင်ဆိုတာရှောင်းကျန့်တို့အခြေစိုက်စခန်းရဲ့သုတေသနခေါင်းဆောင်ဖြစ်ကာယခုဖုန်းဆက်လာသည်ကတစ်ခုခုလိုအပ်သည်ဟုထင်ကာမေးလိုက်ခြင်းပင်

*မလိုပါဘူးကွာ.....အကိုကသတင်းကောင်းတစ်ခုပြောပြမလို့ပါ....အကိုတို့ဖြေဆေးဖော်နိုင်မယ့်နည်းလမ်းတစ်ခုရှာာတွေ့ထားတယ်*

*ဘယ်လို!!!......*

တဖက်ကစကားကြောင့်ရှောင်းကျန့်မှာမယုံကြည်နိုင်စွာအံ့ဩသင့်သွားပြီးထိုင်နေရာမှပင်ဝုန်းခနဲထရပ်လိုက်မိသည်။

ကျန်တဲ့သူတွေကလည်းသူ့နည်းတူပင်ပျော်ရွှင်သွားရလေသည်။
အားလုံးကတဖက်ကပြောတဲ့စကားကိုသာအာရုံစိုက်လိုက်သည်။

*ဟုတ်တယ်.....ဒါပေမယ့်အမြူတေးလိုအပ်တယ်....သူတို့ရဲ့အမြူတေးကစွမ်းအင်ဗဟိုချက်ပဲအဲ့ဒါကဖြေဆေးဖော်စပ်ရာမှာအဓိကပါဝင်ပစ္စည်းပဲ....ဒါပေမယ့်အကိုတို့ဆီမှာအမြူတေးသိပ်မရှိတော့ဘူး*

*အဆင်ပြေတယ်အကိုဟန်ယု...ကျွန်တော့်မှာအမြူတေးအလုံအလောက်ရှိတယ်.....ကျွန်တော်လာပို့ပေးမယ်*

*ဟုတ်ပြီ.....ဒါဆိုအကိုစောင့်နေမယ်*

*ဟုတ်ကဲ့....အကို...*

ကျသွားပြီဖြစ်တဲ့ဆက်သွယ်ရေးစက်ကိုအိပ်ကပ်ထဲပြန်ထည့်လိုက်ကာတစ်ယောက်ကိုတစ်ယောက်စိတ်လှုပ်ရှားစွာစိုက်ကြည့်လိုက်ကြသည်။

*ငါသုတေသနဌာနကိုသွားလိုက်အုံးမယ်...အသက်လာရင်ပြောပြလိုက်အုံး*

*ဂရုစိုက်သွားအုံးငကျန့်သတင်းကောင်းကိုစောင့်‌နေမယ်*

ရှောင်းကျန့်ယွီပင်နဲ့တခြားသူတွေကိုခေါင်းညိမ့်ပြကာသုတေသနဌာနထံထွက်ခွာသွားတော့သည်။
သုတေသနဌာနကိုရောက်တော့စကားစမြည်ပြောကာသူ့မှာရှိတဲ့အမြူတေးတွေကိုအကုန်ထုပ်ပေးလိုက်သည်။

ဗီလိန်လေးရဲ့ကိုကိုWhere stories live. Discover now