<Unicode>
*ဟုတ်ပါပြီး....ဘာမှမဖြစ်ရင်ပြီးရောဒါဆိုကျောက်ယွမ်နဲ့စကားဆက်ပြောလိုက်အုံးနော်အသက်ကိုယ်စကားခဏသွားပြေားလိုက်အုံးမယ်တစ်ခုခုဖြစ်ရင်ကိုယ့်ကိုလှမ်းခေါ်လိုက်*
*ဟုတ်...ကော*
ရိပေါ်ကောမရှိတော့မှကျောက်ယွမ်ကိုပြန်ကြည့်လိုက်တော့တစ်ခုခုကိုထိန်းချုပ်ထားဟန်နဲ့မျက်နှာကြီးရှုံ့မဲ့နေတာကိုတွေ့လိုက်ရသည်။
*ကျောက်ယွမ်ဘာဖြစ်နေတာလဲမျက်နှာကြီးကရှုံ့မဲ့နေတာပဲ....*
*ငါသန့်စင်ခန်းသုံးဖို့လိုနေပြီး...မင်းတစ်ယောက်ထဲဆက်နေနေလို့ဖြစ်တယ်မှတ်လားငါခဏသွားလိုက်အုံးမယ်*
*ရပါတယ်...သွားစမ်းပါတော်ကြာဒီမှာထွက်ကျသွားအုန်းမယ်*
ကျောက်ယွမ်ကအိမ်တော်ထဲအမြန်ပြေးဝင်သွားတာကြောင့်ရိပေါ်ခေါင်းခါကာပြုံးလိုက်သည်။
ပြီးတော့မုန့်တွေကိုသာဆက်စားနေလိုက်သည်။
*အိုး ....ရှောင်းကောကောရဲ့အိမ်ထောင်ဖက်ကလည်းဘာမှမထူးခြားပါလား...*
*ဟမ်....*
ရုတ်တရက်ထွက်ပေါ်လာကာပြောလာသောမိန်းမပျိုတစ်ယောက်ရဲ့ချိုသာသော်လည်းရန်လိုမှုတွေကိုအတိုင်းသားသိရှိစေသည့်လေသံေကြာင့်ရိပေါ်ကြောင်သွားကာထိုမိန်းမပျိုဘက်ကိုလှည့်ကြည့်လိုက်တော့အလွန်လှပကာအရုပ်မလေးတစ်ယောက်လိုမျိုးချစ်စရာကောင်းသော်လည်းအပြာေရာင်မျက်ဝန်းတွေကရန်လိုမှုတွေမနာလိုမှုတွေမုန်းတီးမှုတွေကိုဖုံးကွယ်ထားခြင်းမရှိပဲမထိမဲ့မြင်ပြုသည့်အပြုံးမျိုးနဲ့ရိပေါ်ကိုစိုက်ကြည့်နေတာတွေ့လိုက်ရသည်။
*အာ.....တွေ့ရတာဝမ်းသာပါတယ်*
*ဟမ့်....ငါကတော့နင်နဲ့တွေ့ရတာဝမ်းသာမနေပါဘူး...ရှောင်းကောကောနဲ့လက်ထပ်ရလို့ဂုဏ်ယူမနေနဲ့ရှောင်းကောကောကထာဝရငါ့အပိုင်...ငါမရှိနေလို့သာနင့်လိုအဆင့်မရှိတဲ့ကောင်နဲ့လက်ထပ်ခဲ့ရတာ...*
သူ့ဘက်ကကောင်းမွန်စွာပြောနေပါသော်လည်းတဖက်ကဗလိုင်းကြီးရန်စွာလာတာကြောင့်ရိပေါ်ဒေါသထွက်သွားရသည်။
အရင်ကဝမ်ရိပေါ်သာဆိုဘာလုပ်လုပ်ငြိမ်ခံနေမိမှာဆိုပင်မယ့်အခုသူကတော့မငြိမ်ခံနေချင်တော့ပေ
အရင်ကသူ့ဘက်ကလူတစ်ယောက်မှမရှိလို့ကိုယ့်စကားကအမှားတွေပဲဖြစ်မှာစိုးလို့ငြိမ်ခံနေခဲ့ပင်မယ့်အခုသူ့ဘက်မှာေရှာင်းအိမ်တော်တစ်ခုလုံးရှိနေပြီမလားနောက်ပြီးကောကလည်းသူ့ကိုပြောထားတယ်အနိုင်ကျင့်သမျှညိမ်ခံနေစရာမလိုဘူးတဲ့
