"ဟိုလူရောအဒေါ်~"

"မလာသေးဘူးကွဲ့ ခါတိုင်းဒီလောက်မကြာပါဘူး~"

"အေးနော် ဘာတွေလုပ်နေလဲမသိဘူး~"

"မလိုက်တော့ဘူးနေမှာပေါ့သွားရအောင်အဒေါ်တို့~"

"စောင့်လိုက်ပါဦးဂျောင်ကုရယ် သူကစောင့်ဦးလို့ပြောထားတယ်လေ~"

"အဲ့လောက်ကြာနေတာမစောင့်ချင်တော့ဘူး~"

"လာပါပြီ နည်းနည်းကြာသွားလို့တောင်းပန်ပါတယ်~"

"ဟေ~~"

အိမ်ထဲက ပြေးထွက်ထွက်လာတဲ့ထယ်ယောင်းက
ရေငုပ်ဝတ်စုံကြီးနဲ့ထီးကြီးဆောင်းလို့မို့
ဂျောင်ကုအပါအဝင်အားလုံးအံ့သြနေချိန်
ထယ်ယောင်းကဂျောင်ကုကို ထီးလာမိုးပေးလေရဲ့~

"ဒါကဘာလဲ~"

"ကလေးနေပူမှာစိုးလို့ထီးမိုးပေးတာလေ~"

"အဲ့တာကိုမဟုတ်ဘူး ဝတ်စုံကိုပြောတာ~"

"အော် အဲ့တာက ဝတ်နေကျအင်္ကျီတွေနဲ့ရေငုပ်ရင်
ဆားပေါက်ပြီးပြဲမှာစိုးလို့~"

"ပြဲလဲအသစ်ဝယ်ပေါ့ ခဗျားကသူဌေးဘဲ~"

"အဲ့တာကအရေးမကြီးဘူး အင်္ကျီပြဲရင်မြို့ကိုသွားဝယ်ရမယ်
မြို့ကိုသွားရင်ကလေးနဲ့ခွဲရမယ် ကလေးနဲ့ခွဲရရင်ကိုကိုလွမ်းမယ် လွမ်းရရင်ကိုကိုရူးမယ် အဲ့တာကြောင့်ဒီဝတ်စုံဝယ်လာတာ~"

"အမလေးကိုလူချောရယ် မြို့သားပီပီစကားကလဲတတ်ပါ့တော်~"

"နှလုံးသားကဖြစ်တည်လာတဲ့စကားတွေမို့ပါ~"

"ရူးကြောင်မူးကြောင်နဲ့ဘာတွေပြောနေမှန်းမသိဘူး
သွားကြရအောင်အဒေါ်~"

"ကိုကို့ကိုစောင့်ပါဦး~"

သူ့ကိုမျက်စောင်းထိုးပြီး ရှေ့ကနေ
မြန်မြန်ထွက်သွားတဲ့ဂျောင်ကုကြောင့်
ထယ်ယောင်းနောက်ကပြေးလိုက်ကာ
ထီးလိုက်မိုးပေးတော့ ဂျောင်ကုကတစ်လမ်းလုံးတွန်းဖယ်လို့~

"ဖယ်စမ်းပါကွာ~"

"နေပူတယ်ကလေးရဲ့~"

"ဒီနေ့လူများတယ်ဆိုတော့စက်လှေနဲ့သွားလို့မဖြစ်ဘူး
ဖောင်နဲ့သွားမှရမယ်~"

~~Mask~~{Complete}Donde viven las historias. Descúbrelo ahora