"တကယ်လား ကျေးဇူးတင်လိုက်တာ အဲ့တာဆို
ကူညီလက်စနဲ့အကြွေးရောင်းပေးပါလား ကိုကိုခနနေပိုက်ဆံသွားယူပေးမယ် ကိုကိုအခုအရမ်းမောနေလို့~"
"ရတယ်လေ~ကလေးတွေ လာ လာ မင်းတို့ဦးဦးမြို့သားက
ကြိုက်တဲ့မုန့်လာယူတဲ့~"
"ရေး လာပြီ လာပြီ~"
ဂျောင်ကုက ထယ်ယောင်းနာမည်နဲ့ကလေးတွေကို
မုန့်ယူခိုင်းတော့ ကလေးတွေကပျော်မြူးကာ
မုန့်လာယူကြပြီးနောက် ကွပ်ပျစ်ပေါ်လှဲလျောင်းနေတဲ့ထယ်ယောင်းကိုသွားနှိပ်ပေးကြလေရဲ့~
"ငါ့ကိုမဖားလဲရပါတယ်ကွာ အေးဆေးစားကြပါမင်းတို့ကလဲ~"
"နောက်လဲမုန့်များများဝယ်ကျွေးအောင်လို့လေ~"
"မင်းတို့တွေ အတော်လည်ပါလား အဲ့တာဆိုလဲနှိပ် နှိပ်~"
"ဦးဦးလူချောနဲ့ ဦးဦးဂျောင်ကုက လင်များတွေလား~"
"ဟင် ဘာလို့မေးတာလဲ~"
"AppaကOmmaကိုထမင်းချက်ဖို့ရေခပ်ပေးတယ်လေ
ဦးဦးလူချောကလဲ ဦးဦးဂျောင်ကုကိုရေခပ်ပေးတော့
လင်များလားလို့ပါ~"
"ဦးဦးကဖြစ်ချင်ပါတယ်ကွာ မင်းတို့ဦးဦးဂျောင်ကုက
ဦးဦးနဲ့လင်မယားမဖြစ်ချင်ဘူးတဲ့~"
"ဟိုလူရီး ကလေးတွေကိုဘာတွေလျှောက်ပြောနေတာလဲ~"
"လျှောက်ပြောတာမဟုတ်ပါဘူး တကယ်ပြောတာကလေးရဲ့
ကိုကိုကလေ ကလေးကို.........
"တော်တော့ မကြားချင်ဘူး~"
ဂျောင်ကုကမကြားချင်ဘူးဆိုတော့လဲ ထယ်ယောင်းက
ဆက်မပြောတော့ဘဲ ကလေးတွေနဲ့သာ
စနှောက်ရင်း နေလိုက်သလို ထယ်ယောင်းကိုကျောပေးထားတဲ့ဂျောင်ကုကလဲမျက်နှာတစ်ခုလုံးနီရဲလို့~
"ကိုလူချောရေ ငါးဖမ်းသွားမှာ လိုက်ဦးမှာလား~"
"လိုက်မှာပေါ့ဗျ ခနစောင့်ပေး~"
"ရပါတယ် ဖြည်းဖြည်းလုပ်~"
အနားယူပြီးနောက် အဒေါ်တွေကဝတ်စုံပြည့်နဲ့
ငါးဖမ်းဖို့လာခေါ်တော့ ထယ်ယောင်းက
သူ့အိမ်သူပြေးပြန်သွားပြီမို့ ဂျောင်ကုလဲအဝတ်စားတွေလဲကာ
ပြန်ထွက်လာဘေမဲ့ ထယ်ယောင်းကိုမတွေ့ရသေး~
YOU ARE READING
~~Mask~~{Complete}