"ထင်တော့ထင်သား ခဗျားကမီးဖိုပစ္စည်းအကြောင်းဘာမှသိတာမှမဟုတ်တာ~"
"ဟီးဟီး~"
အခုဆို ဂျောင်ကုအိမ်မှာထယ်ယောင်းလုပ်ထားပေးတာ
ထယ်ယောင်းဝယ်ထားပေးတာတွေနဲ့
ပြည့်နက်နေပြီမို့ အရင်လိုအထီးကျန်သလိုမခံစားရတော့တဲ့ဂျောင်ကု~
"နေ့လယ်စာအတွက် ရေဘဝဲနဲ့ ငါးတွေရှိတယ်
ခဗျားဘယ်လိုစားချင်လဲ ချက်တာလား ကင်တာလား~"
"ဘယ်လိုဖြစ်ဖြစ်အဆင်ပြေပါတယ် ကလေးချက်တာဆို
ကိုကိုကအကုန်ကြိုက်တယ်~"
"အဲ့တာဆို ရေဘဝဲနည်းနည်းကိုဟင်းရည်လုပ်ပြီး
ငါးကိုကင်ပေးမယ် အဆင်ပြေလား~"
"အရမ်းကိုပြေတာပေါ့ကလေးရယ်~"
ထယ်ယောင်းကဂျောင်ကုလုပ်ပေးတဲ့မနက်စာကို
ကျေနပ်ပျော်ရွှင်စွာစားပြီး ပန်းအိုးတွေကို
နေရာတကျရွှေ့ သူ့အိမ်ကိုအပြေးလေးပြန်ကာ
gasမီးဖိုနဲ့gasဘူးတွေယူလာတာ~
"ကိုကိုယူလာပြီကလေးရေ~"
"အသစ်စက်စက်လေး~"
"ကိုကိုဘယ်နားထားပေးရမလဲကလေး~"
"စားပွဲပေါ်တာ တင်ထားလိုက်~"
"Ok~"
ပျော်ရွှင်တက်ကြွနေတဲ့ထယ်ယောင်းအတွက်
နေ့လယ်စာကောင်းကောင်းလေးစားရစေဖို့
ချက်ပြုတ်ဖို့ပြင်ဆင်နေတဲ့ဂျောင်ကုဟာ
ထယ်ယောင်းအပေါ်ကြာကြာမရက်စက်နိုင်~
"ကရုစိုက်ဦးနော်ကလေး မီးခဲကအရမ်းပူမယ့်ပုံဘဲ~"
"သွားကိုင်တာမှမဟုတ်တာ အဆင်ပြေပါတယ်~
"ကိုကိုကစိတ်ပူလို့ပြောတာ~"
"သုံးနှစ်လုံးလုံးနေလာတာ ဘာမှမဖြစ်...အာ့!"
"ကလေး!''
မီးခဲမီးကပေါက်ပြီးဂျောင်ကုခြေထောက်ပေါ်
မီးခဲစလေးကျတော့ ရင်တစ်ခုလုံးပူလောင်သွားတဲ့ထယ်ယောင်းက ဂျောင်ကုကိုပွေ့ချီကာ ကွပ်ပျစ်ပေါ်ထိုင်စေလေရဲ့~
"ရပါတယ် အသေးမွှားလေးပါ~"
"အန္တာရယ်များတယ်ကလေးရဲ့ ခနလေးငြိမ်နေပါနော်
ကလေးမှာအပူလောင်ရင်လိမ်းတဲ့ဆေးရှိလား~"
YOU ARE READING
~~Mask~~{Complete}