"ok~လာပြီကလေးရေ~"

ဂျောင်ကုအလိုတော်ကျ အမြန်လေး
ပြေးသွားလိုက်တဲ့ထယ်ယောင်းက ပူပူနွေးနွေး
ရေဘဝဲထမင်းကြော်လေးကိုတွေ့တာနဲ့ပြုံးမိသွားရော~

"မွှေးနေတာဘဲ ကလေးကအရမ်းသဘောကောင်းတာဘဲ
ကိုကို့ကိုမနက်စာလုပ်ပေးတယ်ဆိုတော့~"

"အလုပ်ခိုင်းပြီးထမင်းမကျွေးရင်
အဒေါ်ကြီးတွေအတင်းပြောတာခံရမှာစိုးလို့ကျွေးတာနော်
တစ်မျိုးထင်မနေနဲ့~"

"မထင်ပါဘူးဗျာ~မနက်စာအတွက်ကျေးဇူးတင်ပါတယ်
ကောင်းကောင်းစားပါ့မယ်~"

ဂျောင်ကုက ကျွေးလဲကျွေးတယ် ထယ်ယောင်ကနေသူ့ကို
အခွင့်ရေးယူလာမှာလဲစိုးတာကြောင့်
သတိပေးစကားကလဲပြောသေးတယ် ဟုတ်နေတာဘဲ~

"ကလေးရောစားပြီးပြီလား~"

"စားသေးဘူး အခုစားမလို့~"

"ကိုကို့ကိုအရင်လုပ်ပေးလိုက်တာလား
ကလေးအရင်မစားဘူးလား~"

"ကျွန်တော်ကအဲ့တာမစားဘူး
အဲ့တာတွေစားရတာအီနေပြီ~"

ပြောပြောဆိုဆိုနဲ့ဂျောင်ကုကအသင့်ခူးထားတဲ့ထမင်းပန်းကန်ထဲ ပန်းသီး သစ်တော်သီး မက်မွန်သီးနဲ့ လိမ္မော်သီးစိတ်လေးတွေကိုထည့်မွှေကာ အားပါးတရစားနေလေရဲ့~

*ကလေးကအသီးအနှံတော်တော်ကြိုက်တာဘဲ ကိုကိုမသိခဲ့ပါလား~*

"ခဗျားဘာကြည့်နေတာလဲ အသီးစားချင်ရင်
ကိုယ့်ဟာကိုယ်ခွာစားနော် လာမလုပ်ခိုင်းလာနဲ့~"

"မလုပ်ခိုင်းပါဘူးကလေးရယ် ကိုကိုမလုပ်ခိုင်းရက်ပါဘူး~"

"အပိုတွေလာပြောမနေနဲ့ စားစရာရှိတာစား ပြီးရင်သွား~"

"အင်းပါ~အော် ကိုကိုမေ့နေတာဘဲ
ကလေးအတွက် လောလောလတ်လတ်ကြော်စားချက်စားဖို့အဆင်ပြေတဲ့gasမီးဖိုအသေးနဲ့ gasဘူးတွေဝယ်လာတယ်~"

"အဲ့တာကောင်းတယ်လေ မဟုတ်ရင် ကြက်ဥလေးကြော်ချင်ရင်တောင်မီးထည့်နေရတာ ဒါနဲ့နေပါဦး
ခဗျားက အဲ့လိုဟာတွေလဲဝယ်တတ်တာလား~"

"ဘယ်ဟုတ်မလဲ ကိုကိုကဒီမှာမီးမရတဲ့အကြောင်းပြောလိုက်တော့ ကိုကို့မန်နေဂျာကဝယ်ပေးလိုက်တာ~"

~~Mask~~{Complete}Tahanan ng mga kuwento. Tumuklas ngayon