"အခုက ကလေးတွေအတွက်မို့ရောင်းပေးလိုက်မယ်
သွားမနေနဲ့တော့~"

"တကယ်လား ကျေးဇူးတင်လိုက်တာ အဲ့တာဆို
ကူညီလက်စနဲ့အကြွေးရောင်းပေးပါလား ကိုကိုခနနေပိုက်ဆံသွားယူပေးမယ် ကိုကိုအခုအရမ်းမောနေလို့~"

"ရတယ်လေ~ကလေးတွေ လာ လာ မင်းတို့ဉီးဉီးမြို့သားက
ကြိုက်တဲ့မုန့်လာယူတဲ့~"

"ရေး လာပြီ လာပြီ~"

ဂျောင်ကုက ထယ်ယောင်းနာမည်နဲ့ကလေးတွေကို
မုန့်ယူခိုင်းတော့ ကလေးတွေကပျော်မြူးကာ
မုန့်လာယူကြပြီးနောက် ကွပ်ပျစ်ပေါ်လှဲလျောင်းနေတဲ့ထယ်ယောင်းကိုသွားနှိပ်ပေးကြလေရဲ့~

"ငါ့ကိုမဖားလဲရပါတယ်ကွာ အေးဆေးစားကြပါမင်းတို့ကလဲ~"

"နောက်လဲမုန့်များများဝယ်ကျွေးအောင်လို့လေ~"

"မင်းတို့တွေ အတော်လည်ပါလား အဲ့တာဆိုလဲနှိပ် နှိပ်~"

"ဉီးဉီးလူချောနဲ့ ဉီးဉီးဂျောင်ကုက လင်များတွေလား~"

"ဟင် ဘာလို့မေးတာလဲ~"

"AppaကOmmaကိုထမင်းချက်ဖို့ရေခပ်ပေးတယ်လေ
ဉီးဉီးလူချောကလဲ ဉီးဉီးဂျောင်ကုကိုရေခပ်ပေးတော့
လင်များလားလို့ပါ~"

"ဉီးဉီးကဖြစ်ချင်ပါတယ်ကွာ မင်းတို့ဉီးဉီးဂျောင်ကုက
ဉီးဉီးနဲ့လင်မယားမဖြစ်ချင်ဘူးတဲ့~"

"ဟိုလူရီး ကလေးတွေကိုဘာတွေလျှောက်ပြောနေတာလဲ~"

"လျှောက်ပြောတာမဟုတ်ပါဘူး တကယ်ပြောတာကလေးရဲ့
ကိုကိုကလေ ကလေးကို.........

"တော်တော့ မကြားချင်ဘူး~"

ဂျောင်ကုကမကြားချင်ဘူးဆိုတော့လဲ ထယ်ယောင်းက
ဆက်မပြောတော့ဘဲ ကလေးတွေနဲ့သာ
စနှောက်ရင်း နေလိုက်သလို ထယ်ယောင်းကိုကျောပေးထားတဲ့ဂျောင်ကုကလဲမျက်နှာတစ်ခုလုံးနီရဲလို့~

"ကိုလူချောရေ ငါးဖမ်းသွားမှာ လိုက်ဉီးမှာလား~"

"လိုက်မှာပေါ့ဗျ ခနစောင့်ပေး~"

"ရပါတယ် ဖြည်းဖြည်းလုပ်~"

အနားယူပြီးနောက် အဒေါ်တွေကဝတ်စုံပြည့်နဲ့
ငါးဖမ်းဖို့လာခေါ်တော့ ထယ်ယောင်းက
သူ့အိမ်သူပြေးပြန်သွားပြီမို့ ဂျောင်ကုလဲအဝတ်စားတွေလဲကာ
ပြန်ထွက်လာဘေမဲ့ ထယ်ယောင်းကိုမတွေ့ရသေး~

~~Mask~~{Complete}Where stories live. Discover now