"အဲ့တာကောင်းတယ်လေ မဟုတ်ရင် ကြက်ဥလေးကြော်ချင်ရင်တောင်မီးထည့်နေရတာ ဒါနဲ့နေပါဉီး
ခဗျားက အဲ့လိုဟာတွေလဲဝယ်တတ်တာလား~"

"ဘယ်ဟုတ်မလဲ ကိုကိုကဒီမှာမီးမရတဲ့အကြောင်းပြောလိုက်တော့ ကိုကို့မန်နေဂျာကဝယ်ပေးလိုက်တာ~"

"ထင်တော့ထင်သား ခဗျားကမီးဖိုပစ္စည်းအကြောင်းဘာမှသိတာမှမဟုတ်တာ~"

"ဟီးဟီး~"

အခုဆို ဂျောင်ကုအိမ်မှာထယ်ယောင်းလုပ်ထားပေးတာ
ထယ်ယောင်းဝယ်ထားပေးတာတွေနဲ့
ပြည့်နက်နေပြီမို့ အရင်လိုအထီးကျန်သလိုမခံစားရတော့တဲ့ဂျောင်ကု~

"နေ့လယ်စာအတွက် ရေဘဝဲနဲ့ ငါးတွေရှိတယ်
ခဗျားဘယ်လိုစားချင်လဲ ချက်တာလား ကင်တာလား~"

"ဘယ်လိုဖြစ်ဖြစ်အဆင်ပြေပါတယ် ကလေးချက်တာဆို
ကိုကိုကအကုန်ကြိုက်တယ်~"

"အဲ့တာဆို ရေဘဝဲနည်းနည်းကိုဟင်းရည်လုပ်ပြီး
ငါးကိုကင်ပေးမယ် အဆင်ပြေလား~"

"အရမ်းကိုပြေတာပေါ့ကလေးရယ်~"

ထယ်ယောင်းကဂျောင်ကုလုပ်ပေးတဲ့မနက်စာကို
ကျေနပ်ပျော်ရွှင်စွာစားပြီး ပန်းအိုးတွေကို
နေရာတကျရွှေ့ သူ့အိမ်ကိုအပြေးလေးပြန်ကာ
gasမီးဖိုနဲ့gasဘူးတွေယူလာတာ~

"ကိုကိုယူလာပြီကလေးရေ~"

"အသစ်စက်စက်လေး~"

"ကိုကိုဘယ်နားထားပေးရမလဲကလေး~"

"စားပွဲပေါ်တာ တင်ထားလိုက်~"

"Ok~"

ပျော်ရွှင်တက်ကြွနေတဲ့ထယ်ယောင်းအတွက်
နေ့လယ်စာကောင်းကောင်းလေးစားရစေဖို့
ချက်ပြုတ်ဖို့ပြင်ဆင်နေတဲ့ဂျောင်ကုဟာ
ထယ်ယောင်းအပေါ်ကြာကြာမရက်စက်နိုင်~

"ကရုစိုက်ဉီးနော်ကလေး မီးခဲကအရမ်းပူမယ့်ပုံဘဲ~"

"သွားကိုင်တာမှမဟုတ်တာ အဆင်ပြေပါတယ်~

"ကိုကိုကစိတ်ပူလို့ပြောတာ~"

"သုံးနှစ်လုံးလုံးနေလာတာ ဘာမှမဖြစ်...အာ့!"

"ကလေး!''

မီးခဲမီးကပေါက်ပြီးဂျောင်ကုခြေထောက်ပေါ်
မီးခဲစလေးကျတော့ ရင်တစ်ခုလုံးပူလောင်သွားတဲ့ထယ်ယောင်းက ဂျောင်ကုကိုပွေ့ချီကာ ကွပ်ပျစ်ပေါ်ထိုင်စေလေရဲ့~

~~Mask~~{Complete}Wo Geschichten leben. Entdecke jetzt