ဂျောင်ကုခြေထောက်ကိုမှကိုင်ကာ ခြေဖဝါးကို
သူ့အင်္ကျီနဲ့သုတ်ပြီး ဖိနပ်အသစ်ဝတ်ပေးနေတဲ့ထယ်ယောင်းကြောင့်ဂျောင်ကုရင်ထဲ သံစုံတီးဝိုင်းလိုဆူညံစွာမြည်ဟီးလို့~
"ကိုယ့်ဟာကိုယ်ဝတ်ကြည့်လိုက်မယ်~"
"ရတယ် ကိုကိုဝတ်ပေးမယ် အော် နည်းနည်းလေးကြီးနေတာဘဲ~"
"ဒီလောက်ဆိုရပါတယ် မချောင်မကျပ်လေး~"
"ကြိုးတိုင်းလဲပါတော့ လွယ်လွယ်မကျွတ်တော့ဘူး
ကျောက်ပုစွန်ဖမ်းသွားရင် ဒီဖိနပ်စီးသွား~"
ပုစွန်ဖမ်းသွားရင်စီးရမယ့်ဖိနပ်က
တော်ရုံလူမဝယ်စီးနိုင်တဲ့ သိန်းပေါင်းများစွာပေးရတဲ့ဖိနပ်မို့
နည်းနည်းတော့အူကြောင်ကြောင်နိုင်သား~
"စျေးကြီးမယ်ထင်တယ် ကိုယ်တိုင်ဝယ်ခဲ့တာလား~"
"ဟုတ်တယ် ကိုကို့မန်နေဂျာကပြောတယ် ဖိနပ်ဝယ်ပေးရင်ထွက်ပြေးတတ်တယ်တဲ့ ဒါကြောင့်အာမခံနဲ့လာတဲ့ခိုင်ခံ့တဲ့ဖိနပ်ကိုကိုယ်တိုင်ရှာဝယ်ခဲ့လိုက်တာ~"
"ဘာဆိုင်လို့လဲ~"
"ကလေးထွက်ပြေးရင် ဖိနပ်ပြတ်တာနဲ့
ခြေထောက်နာတာတွေမဖြစ်အောင်လို့လေ~"
"ထွက်ပြေးတာကိုမတားဘူးလား~"
"ဟင့်အင်း ကလေးထွက်ပြေးအောင်ကိုကိုမလုပ်တော့ဘူးလေ ကလေးလဲထွက်ပြေးမှာမဟုတ်ဘူးဆိုတာကိုကိုသိတယ်
ကိုကိုက ကလေးကိုချစ်လို့လိမ္မာနေပြီ~"
ထယ်ယောင်းရဲ့စကားတွေကြောင့်ဂျောင်ကုက
မျက်နှာလေးနီရဲသွားပြီး ဘေးနားကရပ်ကြည့်နေကြတဲ့
အဒေါ်ကြီးတွေနဲ့ကလေးတွေကတော့ပွဲကြည့်ပရိသတ်~
"ပြီးတော့ဒီမှာကလေး ကိုကိုဒါလေးယူလာတယ်~"
"ဟင် အဲ့လက်စွပ်တွေ~"
သူအမြဲတမ်းသိမ်းထားခဲ့တဲ့လက်စွပ်နှစ်ကွင်းကို
ထယ်ယောင်းယူလာပေးတော့ ဂျောင်ကုက
ယူပြီးငေးကြည့်နေမိပြန်ပြီ~
*ငါ့မိဘတွေရဲ့လက်စွပ်~*
"ကလေးမိဘတွေကို ကိုကိုရှာပေးရမလားကလေး~"
"မလိုချင်လို့တောင်စွန့်ပစ်ခဲ့တဲ့လူတွေကိုဘာလို့ရှာရမှာလဲ~"
YOU ARE READING
~~Mask~~{Complete}