"အာ အဒေါ်ကလဲ မဟုတ်တာတွေ~~
ညနေ နေအေးရင်ဆော့ကြမယ်
အခုတော့ သားတို့အချင်းချင်းဘဲဆော့ကြဦးနော်~"

"ဂျောင်ကုရေ ဂျောင်ကု! ကိုလူချောပြန်လာပြီ~"

"ဟမ်!"

ညနေသင်္ဘောပေါ် ဆားသွားတင်တဲ့အဒေါ်ကြီးက
ပြေးလာပြီးလာပြောတော့ သူ့အနားကအဒေါ်တွေအကုန်
ပြေးထွက်သွားကြပြီး သူလဲထိုင်နေရာကနေထရပ်လိုက်ပြီး
ရင်ကလဲတဒိတ်ဒိတ်ခုန်လို့~

*ဒီအမှတ်မရှိသေးတဲ့နှလုံးသားက အလိုက်မသိခုန်လာပြန်ပြီ~*

"ဟယ် ဘာတွေဝယ်လာတာလဲ ကိုယ်လူချောရဲ့~"

"အိမ်က နေလို့ရပြီဆိုတော့ အိမ်အတွက်လိုတဲ့ပစ္စည်းတွေပါ~"

"သယ်ကူရဦးမလား~"

"ရပြီအဒေါ်တို့ ကျွန်တော့်လူတွေပါတယ်~"

ထယ်ယောင်းနဲ့ပါလာတဲ့လူတွေက ထယ်ယောင်းရဲ့
အထုပ်ပလုတ်တွေအကုန်သယ်ကာ ထယ်ယောင်းအိမ်ထဲပို့
ထားသင့်တဲ့နေရာမှာထား အိမ်အတွင်းဘက်မှာတွေပြင်ဆင်ပေးနေကြချိန်ထယ်ယောင်းကဂျောင်ကုဆီသို့~

"ကလေး~ကလေးအတွက် ကိုကိုအသီးတွေဝယ်လာတယ်~"

"ဟင်?"

"ခနလေးနော် ကိုကိုယူလာပေးမယ်~"

ထယ်ယောင်းက အသီးဖာတစ်ဖာကိုသယ်လာကာ
သူ့လူတစ်ချို့ကလဲ ကျန်တဲ့အသီးဖာတွေကိုသယ်လာပေးတော့ ထယ်ယောင်းက မက်မွန်သီးတစ်လုံးနဲ့ပန်းသီးတစ်လုံးကိုထုတ်ကာ ရေသွားဆေးပြီးဂျောင်ကုလက်ထဲထည့်ပေးလေရဲ့~

"စားလိုက်ကလေး ဒီမနက်မှ အသီးခြံမှာကိုကိုသွားဝယ်ခဲ့တာ
လတ်လတ်ဆတ်ဆတ်ဘဲရှိသေးတယ်~"

"အွန်း~ချိုတယ်~"

"အဲ့တာဆို များများစား~"

ဂျောင်ကုကထယ်ယောင်းပေးတဲ့အသီးကိုစားလိုက်ချိန်
နကိုကတည်းကအသီးစားချင်နေတာမို့
အရသာရှိလိုက်တာဆိုတာ ပြောမပြနိုင်အောင်~

"ခနနော်ကလေး~"

"ဘာလုပ်မလို့လဲ~"

"ကလေးအတွက်ဖိနပ်ဝယ်လာတာ တော်လားစမ်းကြည့်မလို့~"

~~Mask~~{Complete}Tahanan ng mga kuwento. Tumuklas ngayon