"သူရဲကောင်းလုပ်ခဲ့တယ်ဆိုပါတော့~"
"အကောင်းပြောနေတာကို အာ ငါ့အတွက်
short trouserပွပွလေးတွေဝယ်ထားပေးဦး~"
"ဝယ်ခိုင်းစေချင်တာတွေအကုန်ပြော
တစ်ခါတည်းရေးမှတ်လိုက်မယ်~"
"အိပ်ယာ ခေါင်းအုံး စောင် ခြင်ထောင် ခန်းဝင်ပစ္စည်းတွေလိုတယ် ပြီးတော့ ဧည့်ခန်းသုံးsofa ကော်ဇောတွေရောဘဲ~"
"အိမ်တစ်ဆောင်စာ ပစ္စည်းအကုန်ဝယ်လိုက်မယ်~"
"ok လျှပ်စစ်သုံးပစ္စည်းတွေတော့မဝယ်နဲ့
အဲ့မှာ24 hourမီးမရဘူး~"
"ဟုတ်ပြီ ပြီးတော့ရော~"
"ကလေးအတွက်အဝတ်စားတွေလိုတယ်
အခုကလေးက အဒေါ်ကြီးတွေဝတ်တဲ့
ပန်းပွင့်သေးသေးလေးတွေအများကြီးပါတဲ့အင်္ကျီတွေဘဲဝတ်နေတာ~"
"ဟုတ်လား အပန်းဖြေအိမ်မှာရှိနေတဲ့အဝတ်စားတွေထည့်ပေးလိုက်မယ်လေ~"
"မထည့်နဲ့ အသစ်ဝယ် အကုန်အသစ်ဘဲလိုချင်တယ်~"
"ကောင်းပါပြီ~"
ထယ်ယောင်းကဆေးကုသမှုခံယူရင်း
မန်နေဂျာက သူပြောတာတွေဝယ်ဖို့စာရင်းမှတ်ကာ
ထယ်ယောင်းကောင်းကောင်းဆေးရုံတက်အောင်
ပစ္စည်းတွေကိုဖြည်းဖြည်းချင်းဝယ်ပေးလေရဲ့~
"တစ်ပတ်တောင်ရှိပြီဆိုတော့ ကိုလူချောက
တကယ်ထွက်ပြေးသွားတာများလား~"
"ကျွန်တော့်ရှေ့မှာ သူ့အကြောင်းလာမပြောကြပါနဲ့ဆို~"
"အေးပါ နင်ကလဲဖြစ်နေလိုက်တာ ပြီးရင်မသိချင်တာလဲမဟုတ်ဘဲနဲ့~"
"ဒီမှာမနေနိုင်လို့ထွက်သွားတဲ့လူအကြောင်းကိုပြောနေတော့ရော ဘာထူးသွားမှာမို့လို့လဲ~"
အရင်လိုအဒေါ်ကြီးတွေနဲ့ပြောဆိုနေထိုင်နေတဲ့ဂျောင်ကုက
ထယ်ယောင်းအကြောင်းပြောရင်
ခါးခါးသီးသီးငြင်းဆန်ပြီး သင်္ဘောဆိုက်တဲ့အချိန်တိုင်း
ထွက်ကြည့်တာလဲသူဘဲ~
"ဦးဦးဂျောင်ကု ဦးဦးပြောတော့ ကျောင်းပိတ်ရင်
သားတို့နဲ့ဆော့မယ်ဆို အခုကျတော့ဆော့လဲမဆော့ဘူး~"
"မင်းတို့ဦးဦးလွမ်းနာကျနေတယ်ဟေ့
ကိုယ့်ဟာကိုယ်ဆော့ကြ~"
YOU ARE READING
~~Mask~~{Complete}