"ဒါဆို ခနကပြောတဲ့ဆေးက ဘယ်သူ့အတွက်လဲ~"
အဖျားအရမ်းကြီးသွားတဲ့ထယ်ယောင်းဟာ
ဆေးရုံမှာနှစ်ရက်ဆက်တိုက် ကုသမှုခံယူပြီး
သုံးရက်မြှောက်နေ့မှသတိရလာတော့တယ်။
"ဟာ..ငါဘာလို့အိပ်ပျော်နေတာလဲ ညနေပြန်ရပါမယ်ဆို
အခုဘယ်အချိန်ရှိပြီလဲ~"
"ဘယ်ညနေလဲ ceoပြန်ရောက်ပြီးကတည်းက
သတိမေ့နေတာ ဒီနေ့ဆိုသုံးရက်ရှိပြီ~"
"ဘာ! အဲ့တာဆို အခုချက်ချင်ပြန်မှဖြစ်မယ်~"
"ဘာပြန်လဲ နေမကောင်းသေးဘူး~"
ဆေးရုံကုတင်ပေါ်ကဆင်းဖို့လှဲနေရာကထလာတဲ့ထယ်ယောင်းကိုမန်နေဂျာကနှိပ်လှဲပြီးတားတာတောင်
ထယ်ယောင်းကတားမရ~
"နေကောင်းပြီ ငါဘာမှမဖြစ်တော့ဘူး~"
"သေချာလားceo~"
"သေချာတယ်~"
"အဲ့တာဆို ceoအတွက်အလုပ်တွေရှိတယ် အကုန်ပြီးအောင်လုပ်သွား~"
"အဲ့တာတော့မဖြစ်ဘူးလေ~"
"ဒါဆို ကောင်းကောင်းအနားယူ ဘယ်မှသွားဖို့မစဥ်းစားနဲ့~"
"မဖြစ်ဘူး ကလေးကငါ့ကိုစိတ်တိုသွားမှာ~"
"စိတ်တိုလဲနောက်မှချော့ အခုချိန်မှာကျန်းမာရေးကအဓိက
ကျန်းမာရေးမကောင်းရင် ဘာမှလုပ်မရဘူး~"
"ငါနေကောင်းပါတယ်ဆို~"
"အဲ့တာဆို ကျွန်တော်အလုပ်ထွက်တော့မယ်
ခဗျားရဲ့အလုပ်တွေကိုကျွန်တော်တစ်ယောက်တည်းမလုပ်နိုင်တော့ဘူး~"
မန်နေဂျာအကျပ်ကိုင်လိုက်မှငြိမ်ကျသွားတဲ့ထယ်ယောင်းက
ဂျောင်ကုဆီသွားမယ့်အကြောင်းမပြောတော့ဘဲ
သူ့ကျန်းမာရေးကိုသာအာရုံစိုက်လာတော့တယ်။
"ကလေးအတွက်အဆိပ်ဖြေဆေး ထိခိုက်ရှနာလိမ်းဖို့ဆေး
နေမကောင်းရင်သောက်ဖို့ဆေးအကောင်းတွေ
သွားဝယ်ခဲ့~"
"နောက်ဆုံးတော့ အဲ့အဆိပ်ဖြေဆေးကဂျောင်ကုအတွက်ဖြစ်နေတာကိုး~"
"ဟုတ်တယ် ကလေးကကျောက်ကျားငါးနှင်းမိပြီး
အဆိပ်မိသွားသေးတယ် တော်သေးတာပေါ့ငါအချိန်မှီရောက်သွားလို့~"
YOU ARE READING
~~Mask~~{Complete}