🍁part 12🍁

1.3K 120 24
                                    

🍁ခင်များ or ပုစိ🍁

စာမေးပွဲနားနီး အားကြိုးမာန်တက် သင်ပြနေသော ဆရာလေးမာ မောလို့ ပန်းလို့ရယ်...jjk ကတော့ သူ့စိတ်ပျက်တယ်ပြောမှ ပိုလို့ပင် ဆိုးလာလေသလားပဲ။

"လိုက်ကြည့်ပါ....
လိုက်လုပ်ပါ...ဆရာ ခနခန...
Jjk ...."

ဆုံးမ...ပဲ့ပြင် ကောင်းစေရာ ကောင်းစေကြောင်း တိုးတက်ရာ တိုးတက်ကြောင်း ပြောနေတာကို ခွေးကောင်က မထီလေးစားနဲ့...

"ပြော..."

"မင်းလေ ...
ကျောင်းကို တရက်တလေ မလာဘဲနေပေးပါလား...အ့နေ့ဆို ငါတအားပျော်မိမာ..."

"အ့ ခင်များ ယောက္ခမကိုပြောလေ..."

"ကျောင်းခန်းထဲနော် jjk..."

"မသိဘူး..."

"ဘယ်လိုမှ ဆုံးမ မရတဲ့ ဟာလေး..."

"ဟွန့်,..."

"သွား ငါပြောနေတာ နားမထောင်ရင် အခန်းပြင်ထွက်..."

"ဟောဗျာ ကျုပ်ထွက်မှတော့ အုပ်ကြီး အအုပ်ခံရမာပေါ့..."

"အ့ဆို ငြိမ်ငြိမ်နေ လက်ကမြင်းမနေနဲ့..."

"ဟက်!!!"

"အေး ငါ့အကြောင်းသိတယ်နော်
လက်ထဲ ကိုင်ထားတာ တွေ့တယ်မလား...ဒီတခါဆို ကွဲသွားအောင် ပစ်ပေးလိုက်မယ်.."

"ခင်များကြည့်နိုင်ရင် ပစ်..."

"ကျစ်....ဟူး..."

ကြာရင် jjkကြောင့် အသက်တိုရပါလိမ့်မယ်။ စိတ်တေလဲပိန်လိမ်နေပြီ။

........

"ဂျီမင် နေမကောင်းဘူးလား..."

"မဟုတ်ပါဘူး ကောင်းပါတယ် ဟိုဆော့ရယ်.."

"ဟင်!!မျက်နှာကြီးက မကောင်းဘူးလေ..."

"ဘာမဖြစ်ပါဘူး..."

အပြင်ပန်းပြုံးပြနေသော်လဲ စိတ်မပါ။

"အဆင်မပြေဘူးမလား ...
Jjk ကြောင့်လား..."

"ဘယ်သူရှိအုံးမာလဲ...ကျတော့ကို စိတ်ဒုက္ခပေးတာ သူပဲရှိတယ်လေ..."

"ဟူး.....
ဂျီမင်လဲ ဝဋ်တမျိုးပဲ..."

"ဝဋ်ဆိုလဲ ကုန်ချင်ပါပြီ..."

🍁ခင်များ (or) ပုစိ🍁حيث تعيش القصص. اكتشف الآن