.လေးလံသောခံစားချက်ဆိုပေမဲ့ ဒီကောင့်ကိုအရင်ဆုံးသတ်ဖို့က ပထမဆုံးဦးစားပေးပင်။

"မင်းစနိုက်ဘာသမားက ငါ့ကိုထိအောင်ပစ်နိုင်မယ်ထင်လားJk"

"သေချာတာပေါ့"

"ဒါဆိုစမ်းကြည့်လိုက်လေ"

ဂျော်နီက ဂျောင်ကုသူ့ကိုမသတ်လောက်ဘူးဟုထင်နေပုံပင်။ 

ဘယ်လိုအကြောင်းပြချက်ကြောင့်မသတ်ပဲချန်ထားရမလည်း။

"နားထင်ကိုလေဝင်ပေါက်ဖောက်ပေးမယ်"

ဂျော်နီက ဂျောင်ကုကို မျက်နှာသေဖြင့်ကြည့်နေပြီး ပြုံးနေသည်။ ဒီကောင်တကယ်ရူးသွားပြီပဲ။

သိုပေမဲ့ ဂျောင်ကုလူက သူ့ကိုတစ်ချိန်လုံးစနိုက်ဘာဖြင့်ချိန်ထားသည်ကိုလည်းသိနေပြန်သည်။ 

ဂျော်နီရဲ့brain levelကတော်ရုံတော့မဟုတ်။

"​ပြန်ခွင့်ပြုပါအုံး"

ဂျော်နီအား နှုတ်ဆက်ကာ ဂျောင်ကုထွက်လာလိုက်သည်။ နောက်ဆုံးအကြိမ်တွေ့ဆုံမှုဖြစ်လောက်သည်။

ခွမ်း!!!!

မှန်ကိုဖောက်ပြီးဝင်လာသောကျည်ဆံနှင့်အတူ ဂျော်နီ၏ သက်ရှိခန္ဓာမှာငြိမ်ကျသွားသည်။

"နှုတ်ဆက်ပါတယ်ကိုယ့်လူ"

..........

ဝီးးးးဝီးးးးးးးး

အရှိန်ဖြင့်မောင်းနှင်လာသောလူနာတင်ကားပေါ်တွင်သွေးသံတရဲရဲဖြင့်လိုက်ပါလာသည့်လူတစ်ယောက်။

 အရေးပေါ်သွေးအိတ်များဖြင့် သူနာပြုများမှာကားပေါ်တွင်အလုပ်ရှုပ်ကုန်ကြသည်။

"လူနာ!... အရေးပေါ်လူနာအတွက် ခွဲစိတ်ခန်းပြင်!!"

"ဘယ်လိုဒဏ်ရာလည်"

"ဓားဒဏ်ရာပါ

အူလမ်းကြောင်းကိုဖြတ်ထိထားတဲ့ပုံပါပဲ အထဲက သွေးကြောတွေပြတ်ကုန်တာမို့ ​သွေးလည်ပတ်မှုကပုံမှန်မဟုတ်တော့ပါဘူး "

"ခုချက်ချင်းခွဲစိတ်ခန်းကိုပြင်ထား"

အရေးပေါ်လူနာဌာနမှာ ဂျီမင်ကအတော်ဆုံးခွဲစိတ်ဆရာဝန်တစ်ယောက်ပင်။

You've reached the end of published parts.

⏰ Last updated: Apr 21 ⏰

Add this story to your Library to get notified about new parts!

Loading..Where stories live. Discover now