Part-22

3.8K 209 44
                                    

<Unicode>
ကလင်း...ကလင်း.....

ကျယ်လောင်စွာမြည်လာသော
နိုးစက်သံကြောင့်
ထယ်ယောင်းတစ်ယောက်
အိပ်ချင်မူးတူးဖြင့်ထလာရပြန်သည်။
နာရီကြည့်လိုက်တော့7:30။

နတ်ဆိုးကောင်CEOက
8နာရီထိုးအရောက်လာရန်မှာထားတာကြောင့်ရေချိုးခန်းထဲအပြေးတစ်ပိုင်း
ပြေးရပြန်လေသည်။
companyနှင့်နီးသောလမ်းမှာပင်
တိုက်ခန်းတစ်ခန်းဝယ်ထားသောကြောင့်အသွားအလာကအဆင်ပြေသည်။

ခါတိုင်းလိုပင်
လက်ကနို့တစ်ဗူးနှင့်
ပေါင်မုန့်တစ်လုံးကိုကိုင်ကာ
လမ်းကြောလေးတစ်လျှောက်
ဖြည်းဖြည်းချင်းလျှောက်လာသည်။

"မေမေ မေမေ့ မေမေရေး.."

ခပ်စူးစူးကလေးအသံတစ်သံကြောင့်
ထယ်ယောင်း၏ခြေလှမ်းအစုံမှာ
တုန့်ခနဲရပ်သွားသည်။
စကားပင်မပီသေးသော
ကလေးတစ်ယောက်၏အသံမျိုး။

လမ်းကြားမှာလည်း
ဆူဆူညံညံအသံတစ်ချို့ကြားတာ​ကြောင့်
လမ်းကြာထဲသို့ချိုးကွေ့ဝင်သွားတော့
မြင်လိုက်ရသည့်မြင်ကွင်းကြောင့်
သွေးများပင်ဆောင့်တက်သွားသလိုပင်။

အမျိုးသားတစ်ယောက်က
အမျိုးသမီးတစ်ယောက်ကို
rapeနေသည့်မြင်ကွင်း။
တစ်ယောက်ကချုပ်ကာ
ပါးစပ်ကိုအုပ်ထားသော​ကြောင့်
အမျိုးသမီးမှာအသံပင်မထွက်နိုင်။
  လေးနှစ်အရွယ်ခန့်သာရှိသောကလေးမှာမူ
  အော်လိုက်ငိုလိုက်ဖြင့် အလုပ်ရှုပ်နေသည်။

ထယ်ယောင်းမှာ
ဘာမှမတတ်နိုင်တော့သည့်အဆုံး
ထိုလူနှစ်ယောက်ဆီသို့ပြေးဝင်ကာ
တွန်စထုတ်ပစ်လိုက်သည်။
ထိုအမျိုးသမီးမှာတော့
ကြည့်၍ပင်မကောင်းတော့လောက်အောင်
မိန်းမအဂ်ါထဲမှာသွေးများမှာဒလဟော။

"ခင်..ခင်ဗျားတို့ဒါ...ဒါရာဇသတ်ကြီးပုဒ်မ ၃၇၆မုဒိန်းမှုမြောက်တယ်နော် ဒါ...ဒါသေဒဏ်ဗျ!"

အော်ငိုနေသောကလေးကို
ပွေ့ချီရင်းထယ်ယောင်းကတုန်ကယင်ဖြင့်
ပြောလိုက်တော့ ထိုလူနှစ်ယောက်က
သူ့ကိုစူးစူးရဲရဲကြည့်နေသည်။
ထို့နောက်တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ပြီး
ထယ်ယောင်းအနားသို့ကပ်လာကြသည်။

Loading..Where stories live. Discover now