part 15 (uni + zaw)

633 20 0
                                    

    Unicode

  "မမRosey မမဟန်နီခင်က အရမ်းလှတာပဲနော်"

      "အင်း သူကတော်တော်လှတယ် သူ့နားမှာ ‌ယောက်ျားလေးတွေ ဝိုင်းဝိုင်းလည်နေတာ ဒါမေပဲ့ သူကလှည့်တောင်ကြည့်တာမဟုတ်ဘူး "

      "ဒါဆို မမဟန်နီခင်က မာနကြီးတာပေါ့"

      "ဟုတ်တယ် ဒါပေမဲ့ အဲ့အထဲမှာ မေမုန်းမာန်ကတော့ ချွင်းချက်ပေါ့"

စကားပြောနေရင်းနဲ့ မမမုန်းရဲ့ ကားသံကြားလိုက်သည် ဝမ်းသားအာရ ထွက်ကြိုလိုက်ပေမဲ့ မြင်ရတဲ့မြင်ကွင်းကြောင့် မွန်းကြပ်သွားရသည်

       "မာန် ပြန်လာတာနောက်ကျတယ်နော် ဟန်နီက စောင့်နေတာ"

မမမုန်းကို လက်မောင်းကို ကိုင်ပြီး သူမအပိုင်လို ပြောနေတဲ့ မမဟန်နီခင်ကို မနာလိုသလို အားလည်းကျမိသည်

      "အလုပ်တွေရှပ်နေလို့ နောက်နေ့ကျရင် အလုပ်နားပြီး ဟန်နီကို မြို့အနှံ့လိုက်ပို့ပေးမယ် ရပြီလား"

     "ဟန်နီရဲ့ မာန်က အဲ့ဒါတွေအရမ်းချစ်ဖို့ကောင်းတာ  ဟန်နီသွားနားတော့မယ် good night မွ"

မမမုန်းရဲ့ပါးကို နမ်းပြီး ‌အပေါ်တက်သွားလေသည် မမRosey ကတော့ မျက်စိနောက်လို့ ဆိုပြီး အပေါ်တက်သွားလေပြီ အဲ့ထဲက မမRoseyနဲ့ လိုက်ပြီးအပေါ်တက်သွားရင် ဒီလိုမြင်ကွင်းတွေကို ရင်နာခံပြီး ကြည့်ရမှာမဟုတ်ဘူး

     "မင်း‌လည်း သွားအိပ်တော့လေ" မမမုန်းကို ခေါင်းငြိမ့်ပြပြီး အခန်းကို ပြန်လာခဲ့သည်

-----------------------------------------------------------
     "ဒါဘာအရသာကြီးလဲ ဒါတွေတစ်ခုမှ မစားချင်ဘူး " နဂိုတိတ်ဆိတ်တဲ့ ထမင်းဝိုင်းက အခုတော့ပြောင်းလဲသွားပြီ

    "မမဟန်နီခင် ဒါတွေက စားလို့ကောင်းပါတယ် သေချာစားကြည့်ပါအုံး"

    "ငါပြောတယ်လေ စားလို့မကောင်းပါဘူးဆိုမှ ကဲ့ဟာ"

   "ခွမ်း အား"

ဟန်နီခင် မုန့်ပန်းကန်ကို လွှင့်ပစ်လိုက်လို့ ပန်းကန်ပြားကွဲသွားပြီး ပန်းကန်ကွဲစ သဲငယ်နဖူးကို လာစင်လို့ သွေးထွက်သွားသည်

မမမုန်းရဲ့အမုန်းတော်ခံ.    မမမုန်းရဲ့အမုန်းတော်ခံWhere stories live. Discover now