ချွမ်ရွေ့က ထယ်ရယ့်ကို အပိုလုပ်ရန်ကော ဟု ပြောနေပေမဲ့လဲ ဂယူဘင်း အမှန်ပင် သူ့သူငယ်ချင်းအတွက် ဝမ်းသာ၏။ ချွမ်ရွေ့က အစ်ကိုထယ်ရယ့်ကို အမုန်းတရားတွေကို ကာရံပြီး အမြဲလိုလို အနိုင်ကျင့်စေခဲ့ပေမဲ့ အဲ့ကောင်က အစ်ကိုထယ်ရယ်ကို ချစ်သည်လေ။
ချွမ်ရွေ့နဲ့တွေ့လို့ ဆိုဂျူသောက်ဖြစ်ကြတဲ့အခါ မူးရင်း ချွမ်ရွေ့ပါးစပ်က 'ငါ ကိုကို့ကို ချစ်တယ်' ဆိုတဲ့စကားက အမြဲတမ်းလိုလိုကြားရစမြဲ။
ချွမ်ရွေ့က အစ်ကိုထယ်ရယ်အပေါ်ထားတဲ့ ခံစားချက်က ဘာဆိုတာကို သိသွားတဲ့အတွက် ဝမ်းသာသလို အစ်ကိုထယ်ရယ်လဲ မြန်မြန် ရောဂါပျောက်ကင်းပါစေလို့ ဂယူဘင်း စိတ်ထဲက ထပ်ဆုတောင်းပေးမိတယ်။
ထို့နောက် ယူဂျင်းကို စာပို့ရန် အတွက် ချွမ်ရွေ့နဲ့ပြောထားတဲ့ conversation ထဲက ထွက်ပြီး တိုက်ဆိုင်စွာ ယူဂျင်းဆီက စာဝင်လာ၏။
ဂယူဘင်းက တစ်ချက် စိတ်လှုပ်ရှားသွားသလို ယူဂျင်း
ဘာပို့ထားသလဲဆိုတာကို သိချင်သွားလို့ အမြန်စာဝင်ကြည့်လိုက်တော့ယူဂျင်းက BBQ ပုံကို ပို့လာခြင်း။
* ကိုကို လိုက်ကျွေးတာ*
ချစ်စရာကောင်းလိုက်ပုံများ။
*အွန်း များများစား*
ကြည့်ရတာ ယူဂျင်းရဲ့ အစ်ကိုဖြစ်သူ ဟန်ထယ်ဆန်းက အခုမှ အလုပ်အားတဲ့ပုံ။
BBQအသားကင်တွေကို ပါးနှစ်ဖက်ဖောင်းတဲ့အထိ တစ်မြုံမြုံ ဝါးစားနေမည်ကို စိတ်ကူးယဉ်မိသည့်အခါ ဂယူဘင်းတစ်ယောက် အသဲယားလာကာ လက်ဖဝါးပါ ယားကျိ ယားကျိ ဖြစ်လာရသည်အထိ။
ဟန်ယူဂျင်းက နေ့တိုင်း ဒီလို အသေးအမွှားကိစ္စလေးတွေကို ဂယူဘင်းဆီကို စာပို့ လာတတ်တာကို သတိထားမိသည်။
ထို့ကြောင့် ဂယူဘင်း ထပ်ပြီးအတွေးများစရာမလိုတော့ပြီ။
ဟန်ယူဂျင်းကလဲ သူ့အပေါ်မှာ ရှိနေတဲ့ ခံစားချက်က ရင်ခုန်ဖွယ်ဖြစ်နေတာကိုး။