•5•

402 70 4
                                    



ညက ပို့ထားတဲ့ မက်စေ့က လိပ်စာအတိုင်း ခြံရှေ့ကိုရောက်လာခဲ့တယ်။ ရပ်ကွက်အနေအထားကို ခေါင်းလေးလည်ကာ ဝေ့ကြည့်မိတော့ သူဌေးရပ်ကွက်မှန်းသိသာနေပါပြီ။

"ဒါကြောင့် ထိန်းမနိုင်သိမ်းမနိုင် စာမလုပ်ပဲ စာမေးပွဲကျတာကိုး"

ဟန်ယူဂျင်းက ကင်မ်ဂယူဘင်းက သူဌေးသားတစ်ဦးမို့ အလိုလိုက် အမိုက်စော်ကားပြီး ပေတေဲ့ သူလို့ ထင်လိုက်ပုံရသည်။

ဟန်ယူဂျင်းက နှာခေါင်းကိုရှုံ့လိုက်ပြီး အိမ်နံပါတ်မှန်မမှန်ကို ဖုန်းကနေ တစ်ဆင့်ပြန်တိုက်ကြည့်ပြီးမှ ဘဲလ်ကို ဖိနှိပ်လိုက်သည်။

"ဟို..ကင်မ်ဂယူဘင်းကို စာသင်ပေးဖို့လာတာပါဗျ"

စခရင်မော်နီတာကနေ ဘယ်သူလဲ ဆိုတဲ့ အမေးကြောင့် ဟန်ယူဂျင်းက ဖြေလိုက်တော့မှ တံခါးဖွင့်ပေးတော့ သက်ပြင်းကိုခပ်ကြမ်းကြမ်းချလိုက်မိသည်။

ခြံထဲကိုဝင်လိုက်တာနဲ့ စိုက်ထားတဲ့ပန်းတွေကြောင့်လားမပြောတတ်ပေမဲ့ ယူဂျင်းရဲ့ လှုပ်ရှားနေတဲ့ စိတ်ကို အနည်ထိုင်သွားစေတာတော့အမှန်။ အိမ်တံခါးမကြီးရှေမှာ အိမ်တော်ထိန်းဖြစ်ဟန်တူတဲ့ အဒေါ်ကြီး တစ်ယောက်က စောင့်နေပြီး ယူဂျင်းကို အရိုအသေ ပေးနေတော့ အထိပ်အလန့်ဖြစ်သွားရှာတဲ့ ယူဂျင်းက ငရဲကြီးမှာတော့ ကြောက်ရှာတယ်။ ဒါကြောင့်မို့ ထို အိမ်တော်ထိန်း အဒေါ်ကြီးထက် ခါးကို ပိုကိုင်းကာ အရိုအသေပေးလိုက်တယ်။

ဧည့်ခန်းထဲမှာ ပန်းကနုတ်တွေပါတဲ့ ကြွေခွက်ဖြင့် လက်ဖက်ရည်လားမသိ၊ကော်ဖီလားမသိတဲ့ အရည်ကို ဆွဲဆောင်မှုရှိရှိထိုင်ပြီး သောက်နေတဲ့ ယောကျာ်းတစ်ယောက်ကြောင့် ယူဂျင်းက ကိုယ်ကိုကျုံ့လိုက်မိသည်။ပြီးတော့ ဘယ်သူ့ကိုမှ မကြောက်ဖူးတဲ့ ဟန်ယူဂျင်းကစိတ်ထဲ နေမထိထိုင်မထိဖြစ်လာရတယ်။

ဒါကကြောက်စိတ်ရောဟုတ်ရဲ့လား၊ရှိန်နေတဲ့ စိတ်ရောမဖြစ်နိုင်ဘူးလား။

ယူဂျင်းနေတဲ့အိမ်အနေအထားနှင့် ဂယူဘင်းနေတဲ့ အိမ်က ကွာခြားချက်မြင့်မားနေတာကြောင့်လဲ ပါမည်ဖြစ်သည်။

𝖲𝗍𝖺𝗋-𝖢𝗋𝗈𝗌𝗌𝖾𝖽 𝖫𝗈𝗏𝖾𝗋𝗌Where stories live. Discover now